LIVE Commentary: Everton 1 - 1 Tottenham (Full-time)

03 November 2019
LIVE Commentary: Everton 1 - 1 Tottenham (Full-time)
Premier League November 3, 23:00

Everton
1 - 1

Cenk Tosun 90+7' Dele Alli 63'
Stadium: Goodison Park
59 Min

ပွဲချိန်ဒုတိယပိုင်းမှာတော့  နှစ်သင်းစလုံးက ဂိုးရဖို့ ကြိုးစားလာကြတယ်ခင်ဗျာ။ စပါးရော အဲဗာတန်ပါ တိုက်စစ်ကစားလာကြလို့ ပွဲက ပိုပြီးတော့ကြည့်လို့ကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေကိုတော့ အခုထိ မမြင်ရသေးပါဘူး။

57 Min

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်တစ်ယောက် ဒဏ်ရာရသွားခဲ့ပြီး ကွင်းထဲမှာ လဲကျနေခဲ့တယ်ခင်ဗျာ။ ဆေးအဖွဲ့ရဲ့ကုသမှုကို ခံယူနေရပါတယ်။

56 Min

လူးကပ်စ်မိုရာရဲ့ထိုးဖောက်မှုကို အဲဗာတန်နောက်ခံလူတွေ ဖျက်ထုတ်ပုံကြမ်းလို့ စပါးအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရတယ်ခင်ဗျာ။ ပေးပို့မှုက တော်တော်လေး အန္တရာယ်များခဲ့ပြီး ဂိုးရတော့မယ်လို့ ထင်ခဲ့မိတဲ့အထိ ပါ။

54 Min

VAR ရဲ့ဆုံးဖြတ်ချက်ကို ခံယူပြီးတဲ့အချိန်မှာတော့ ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တယ်ခင်ဗျာ။ မတော်တဆအနေအထားနဲ့ ဆွန်ဟောင်မင် လဲကျသွားခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။

53 Min

စပါးအသင်းရဲ့ ဒီတစ်ကြိမ် ထိုးဖောက်မှုက အန္တရာယ်များခဲ့တာ ခင်ဗျာ။ ဆွန်ဟောင်မင်တစ်ယောက် အဲဗာတန် ဂိုးဧရိယာထဲမှာ လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်က  VAR ရဲ့ဆုံးဖြတ်ချက်ကို ခံယူနေပါပြီ။

Updates

4 years 8 months ago
4 years 8 months ago
4 years 8 months ago
4 years 8 months ago
4 years 8 months ago

Pages

Mizzima Weekly