LIVE Commentary: Everton 1 - 1 Tottenham (Full-time)

03 November 2019
LIVE Commentary: Everton 1 - 1 Tottenham (Full-time)
Premier League November 3, 23:00

Everton
1 - 1

Cenk Tosun 90+7' Dele Alli 63'
Stadium: Goodison Park
51 Min

ဒုတိယပိုင်းမှာတော့ အဲဗာတန်က ပိုပြီး ဖိအားပေးကစားလာနေတာကို တွေ့ရပါတယ်။ စပါး ညာနောက်ခံလူ အော်ရဲရားတစ်ယောက် ခံစစ်မှာ အသည်းအသန်တွေ ဖြစ်နေခဲ့တယ်ခင်ဗျာ။ အီဝိုဘီ ကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတာကြောင့်ပါ။

49 Min

အဲဗာတန်အသင်း ပြစ်ဒဏ်ဘောကန်ရမယ်ခင်ဗျာ။ စပါးရဲ့ ဂိုးဧရိယာထိပ်နားမှာဖြစ်ပြီး အန္တရာယ်များတဲ့အနေအထားတစ်ခုပါပဲ။

48 Min

နှစ်သင်းစလုံးကတော့ တစ်ဂိုးလောက် ပေးလိုက်ရပြီဆိုတာနဲ့ ပြန်သွင်းဖို့မလွယ်တဲ့ အခြေအနေပဲ ခင်ဗျာ။ ခံစစ်ကိုပဲ အာရုံစိုက်ကစားနေကြပြီး အမှားမလုပ်မိဖို့ ကြိုးစားနေကြပါတယ်။

46 Min

အဲဗာတန်နဲ့စပါးတို့ရဲ့ပွဲချိန် ဒုတိယပိုင်းကတော့ ပြန်လည်စတင်လိုက်ပါပြီ။ စပါးအသင်းက စပေးဘော ပေးရမယ်ခင်ဗျာ။

Everton 0 - 0 Spurs (HT)

အဲဗာတန်နဲ့ စပါးအသင်းတို့ရဲ့ ပွဲချိန် ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်သင်းစလုံးက ပွဲချိန် (၄၅)မိနစ်အတွင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ လုပ်နိုင်ခဲ့ပြီး ပွဲက အေးစက်စက်ဖြစ်နေတာကိုတော့ မြင်ခဲ့ရတယ်ခင်ဗျာ။

ဒုတိယပိုင်းမှာရော သွင်းဂိုိးတွေကို မြင်တွေ့ရဦးမလားဆိုတာ ထပ််ပြီး စောင့်ကြည့်ရဦးမှာပါ။

Updates

4 years 8 months ago
4 years 8 months ago
4 years 8 months ago
4 years 8 months ago
4 years 8 months ago

Pages

Mizzima Weekly