LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)

15 February 2020
LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)
La Liga February 15, 21:30

Barcelona
2-1 (FT)
Griezmann 33' Roberto 39' Angel Rodriguez 66
Stadium: Camp Nou
48 Min

ထိပ်တိုက်တွေ့ဆုံမှုတွေအရ ပြန်ကြည့်ရင်တော့ ဘာစီလိုနာဟာ ဂီတာဖေးနဲ့ နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၈)ပွဲအထိ အနိုင်ရထားတာကို တွေ့ခဲ့ရတာပါ။ ဒီနေ့ပွဲမှာလည်း ပွဲချိန် ပထမပိုင်းမှာတင် (၂)ဂိုးပြတ်နဲ့ နိုင်နေခဲ့ပြီဖြစ်လို့ အမှားအယွင်း ကြီးကြီးမားမားသာ မရှိခဲ့ဘူးဆိုရင် ဘာစီလိုနာတို့နောက်ထပ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ဦးမှာ ဖြစ်တယ် ခင်ဗျာ။

Kick Off - 46 Min

ဘာစီလိုနာနဲ့ ဂီတာဖေး ပွဲစဉ်ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

Barcelona 2 – 0 Getafe (HT)

ဘာစီလိုနာအသင်းနဲ့ ဂီတာဖေးအသင်းတို့ရဲ့ ပထမပိုင်းပွဲချိန်တွေကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ ပွဲကစားချိန် အစောပိုင်းမိနစ်တွေမှာ ဘာစီလိုနာအသင်း ရုန်းကန်ခဲ့ရပေမယ့်လည်း ကစားသမားတွေရဲ့ အဆုံးသတ် ကောင်းမွန်မှုက ပွဲရဲ့အဖြေ ဖြစ်ခဲ့ပြီး ဧည့်သည်ဂီတာဖေး အသင်းကို (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

တွေ့ဆုံမှုတိုင်းမှာ အသာရလေ့ရှိတဲ့ ဘာစီလိုနာကပဲ ဂီတာဖေးကို ဂိုးပြတ်နိုင်သွားမလား ၊ ဒါမှမဟုတ် ဂီတာဖေးရဲ့ သွင်းဂိုးတွေကို ပွဲချိန် ဒုတိယပိုင်းမှာ ပြန်လည်တွေ့ရမလားဆိုတာ Mizzima နဲ့အတူ ဆက်လက် စောင့်ကြည့်ကြပါစို့နော်….။

Injury Times (+2)

ပထမပိုင်းပွဲချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

44 Min

ဂျော်ဒီအယ်လ်ဘာရဲ့နေရာကို လူစားဝင်လာခဲ့တဲ့ ဖာပို အတွက်တော့ ဂိုးဖန်တီးမှု တစ်ကြိမ်နဲ့ အဖွင့်လှသွားခဲ့ပြီ ခင်ဗျာ။ သူ့ရဲ့တိကျတဲ့ ဖြတ်တင်ပေးပို့မှုကတစ်ဆင့် ရော်ဘတ်တိုက ကန်သွင်းသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာ အသင်းအနေနဲ့တော့ သူတို့ရဲ့ အိမ်ကွင်းမှာ ဖိအားကင်းကင်းနဲ့ ကစားသွားနို်င်ဖို့ ရှိနေပါပြီ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly