LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)

15 February 2020
LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)
La Liga February 15, 21:30

Barcelona
2-1 (FT)
Griezmann 33' Roberto 39' Angel Rodriguez 66
Stadium: Camp Nou
Goal!!!

ဘာစီလိုနာအသင်းအတွက်ဒုတိယမြောက် သွင်းဂိုးကို နောက်ခံလူ ဆာဂျီရော်ဘတ်တို က  သွင်းယူပေးသွားခဲ့ပြီ ခင်ဗျာ။

40 Min

ဦးဆောင်ဂိုး ရသွားပြီးတဲ့နောက် ဘာစီလိုနာအသင်းက ကစားပုံ ပိုကောင်းလာခဲ့ပြီး ယုံကြည်မှု ပိုရှိလာခဲ့ပုံပဲ ခင်ဗျာ။ ဂီတာဖေးအသင်းဖက်ကို နေရာစုံက ထိုးဖောက်နေခဲ့ပြီး ဖာတီ၊ ဂရစ်ဇ်မန်းတို့က တောင်ပံတွေကနေ ထိုးဖောက်နေကြတာကို တွေ့နေရပါတယ်။

38 Min

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ ဒီရာသီမှာ သွင်းဂိုး (၈)ဂိုးအထိ ရှိသွားခဲ့ပြီ ခင်ဗျာ။ မက်ဆီရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂရစ်ဇ်မန်းက အကောင်းဆုံး အဆုံးသတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကောင်းမွန်တဲ့အဆုံးသတ်က ဘာစီလိုနာအတွက် ဦးဆောင်ဂိုး ဖြစ်သွားစေခဲ့တယ် ခင်ဗျာ။

Goal!!!

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းက အသင်းအတွက် အဖွင့်ဂိုး ကို သွင်းယူပေးလိုက်ပါပြီ။

34 Min

ဘာစီလိုနာအသင်းက ခံစစ်နဲ့ ကွင်းလယ်မှာပဲ အပေးအယူလုပ်နေကြပြီး ဘောလုံးကိုင်ကစားဖို့ ကြိုးစားနေတာ ခင်ဗျာ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တိုက်စစ်ကစားသမားတွေ နေရာလွတ်ရှာနိုင်ချိန်မှာ အမြင့်ဘောတွေ ပေးပြီး တိုက်စစ်ဆင်ဖို့ပါပဲ။ ဒါပေမယ့် ဂီတာဖေးအသင်းက မြန်မြန်ဆန်ဆန်ပဲ ဘောလုံးလိုက်လုနေခဲ့လို့အခက်တွေ့နေရတာပါ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly