နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၇ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၇ စက်တင်ဘာ ၂၀၂၁)
(Photo: : CJ - စက်တင်ဘာလ ၁၇ ရက်၊ မန္တလေးမြို့ ကျောင်းသားကျောင်းသူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း)

စက်တင်ဘာလ ၁၇ ရက်

စစ်ကောင်စီ

·       လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် လျှပ်စစ်မြို့ပတ်ရထားလမ်းများ၊ မြေအောက် ရထားလမ်း စီမံချက်များသည် အနာဂတ် Plan များဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က ပြောသည်။

·       သစ်တောပြုန်းတီးလာမှုသည် ရေအရင်းမြစ်ရရှိခြင်းကို ထိခိုက်စေသဖြင့် ရေလှောင်တမံဧရိယာအတွင်း စိုက်ခင်းများ ပြုလုပ်ခြင်း၊ထင်းခုတ်ခြင်း၊မီးသွေးထုတ်လုပ်ခြင်းများ လုပ်ကိုင်မှုမရှိစေရန် ထိရောက်စွာ ကြပ်မတ်တားမြစ်ရမည်ဟု အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

·       ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဦးအောင်သန်းဦးမှ အာဆီယံစွမ်းအင် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

·       နို့နှင့်နို့ထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းနေရ၍ နို့နီု့ထွက်ပစ္စည်းနှင့်အေးခဲအသားများကို မိမိတို့နိုင်ငံတွင် ခေတ်မီထုတ်ပိုးမှု ပုံစံဖြင့် ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်အောင် စဉ်းစားလုပ် ဆောင်ရ မည်ဟု အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

·       ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ သို့ ဦးတည်ကာ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ကျော် ပါဝင်သော ယာဉ်တန်းသည် စက်တင်ဘာ ၁၆ ရက်ည ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ရောက်ရှိလာပြီဟု ဒေသခံများပြောသည်။

·       အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တ်သက်၍ အဂတိ လိုက်စားမှု ၄ မှုဖြင့် အမှုဆင် စွဲဆိုထားရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အမှု ၃ ခု၊ ဦးဖြိုးမင်းသိန်း နှင့် ပတ်သက်သည့် အမှု ၁ ခုတို့ကို ယခုလာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ နေပြည်တော်တွင် ရုံးထုတ်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       အမျိုးသားညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံတောင်းဆိုချက်များအရ အရွယ်ရောက်ပြီးသော ဒေသစွန့်ခွာ ထွက်ပြေးခိုလှုံလာသော ကလေးငယ်များကို ပညာသင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ် အစိုးရ ကျောင်းပညာရေးဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်နေမှုအပေါ် လွန်စွာကျေးဇူးတင်ရှိ ပါကြောင်း ထုတ်ပြန်သည်။

·       ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား အကြမ်းဖက်စစ်ကောင်စီက တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ ရောင်းချရန် ကြိုးပမ်းမှု မှန်သမျှသည် တရားဝင်မှု လုံးဝမရှိကြောင်း အထူးသတိပေး တားမြစ်ထားပြီးသတိပေးတားမြစ်ထား သည့်ကြားမှ အရောင်းအဝယ်ပြုခဲ့သည်ရှိသော် စစ်ကောင်စီဘက်မှ တာဝန်ခံရောင်းသူကို သော် လည်းကောင်း၊ လက်ခံဝယ်ယူသူကိုလည်းကောင်း၊ နှစ်ဦးနှစ်ဘက်လုံးကိုလည်းကောင်း သင့်တင့်လျောက် ပတ်သည့် အချိန်တွင် သင့်လျော်သော စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတော်၌ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခွင့် အကြွင်းမဲ့ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်သည်။

·       စစ်ကောင်စီသည် နိုင်ငံရေးအရငြိမ်းချမ်းစွာဖြေရှင်းမှုကို လုံးဝစိတ်မဝင်စားပဲ အာဏာဆက်လက်တည်မြဲရေး အတွက် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း၊ NUG က ပြည်သူလူထု၏ အသက်အိုးအိမ် နှင့် လုံခြုံမှုကို အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု သော်လည်း နိုင်ငံတကာအသိုင်းကိုသာ အားကိုးနေ၍ မရပဲ တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် အာဏာသိမ်း ရန်ကြိုးပမ်းမှုကို အဆုံးသတ်သွားမည်ဖြစ်ကြောင်း NUG မှ ထပ်မံအသိပေးထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       ချင်းပြည်နယ် မတူပီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၃၀၉ မှ စစ်သားတစ်ဦးမှ ဒုတပ်ရင်းမှူး အဆင့်ရှိ ဗိုလ်မှူး ၁ ဦးအား ယမန်နေ့ည ၁၂ နာရီခန့်တွင် ပစ်သတ်လိုက်ကြောင်း သတင်းရ ရှိသည်။

·       ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် ည ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ဟားခါးထာရ် ရပ်ကွက်မှ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် ဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

·       ချင်းပြည်နယ် တီးတိန်မြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်စပ်ရှိ၊ ခိုင်ကမ်းနယ်မြေရဲစခန်း (၉ မိုင်ဂိတ်) အား ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ KKG တပ်ရင်း-၂ (CDM အဖွဲ့) နှင့် PDF-Zoland အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း CDF-KKG မှ သတင်းထုတ်ပြန်ထားသည်။

·       ချင်းပြည်နယ် တောင်ပိုင်း ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ကြောင်းကို စက်တင်ဘာလ ၁၆ ရက်၌ မကွေးတိုင်း လောင်းရှည်နှင့် ချင်းပြည်နယ် နယ်စပ်တစ် နေရာတွင် CDF ကန်ပက်လက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြားသဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

·       မန္တလေးတွင် အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က "စစ်ကျွန်မခံ ဒို့တော်လှန် လူထုတိုက်ပွဲ ဒို့ဆင်နွှဲ" ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး (၂၂၁) ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် စက်မှုသပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်းနှင့် သမဝါသမ တက္ကသိုလ် ကျောင်း သား / သူများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတိုင်းတွင် ZERO TTA ပြောက်ကျားတပ်ဖွဲ့က တောင်သာမြို့ ၊ ချောင်းနားရွာရှိ မိုင်တဲတာဝါတိုင်ကို ယနေ့ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

·       မန္တလေးမြို့တွင် စစ်ခွေး အာဏာရှင် ဖြုတ်ချရေးအတွက် မန္တလာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

·       မန္တလေး LGBT IQ သပိတ် စစ်ကြောင်းသည် အကြမ်းဖက် စစ်ခွေးတပ် ဖြုတ်ချရေးအတွက် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

·       မန္တလေးမြို့တွင် စစ်ခွေး အာဏာရှင် ဖြုတ်ချရေးအတွက် မန္တလာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ စက်တင်ဘာလ ၁၆ ရက်နေ့က နေ့စဉ်ပြုလုပ်နေ ကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက်ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

·       ထားဝယ်ခရိုင် ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် အမြစ်ပြတ် ချေမှုန်းရေး ဆိုင်ကယ်များဖြင့် အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required