ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ)က ပြည်သူလူထုသို့ တိုက်တွန်းချက် ထုတ်ပြန်

ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ)က ပြည်သူလူထုသို့ တိုက်တွန်းချက် ထုတ်ပြန်

NUG ‌အနေဖြင့် စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည့် (၇၆) ကြိမ်‌မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGS) အစည်းအဝေးသို့ တက်ရောက်ခွင့်ရရေးအတွက် ပြည်သူများ အနေဖြင့် သဘောဆန္ဒ သုံးချက်ကို ထုတ်ဖော်ကြရန် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ (ဖ.ဆ.လ.တ)က ယနေ့ စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်း ထုတ်ပြန်လိုက်သည်။ 

ဖ.ဆ.လ.တ အနေဖြင့် ဖက်ဆစ်စစ်အုပ်စုကို ဘယ်သောအခါတွင်မဆို အစိုးရအဖြစ် အသိအမှတ်ပြုရန်(လုံးဝ) မရှိကြောင်း၊ ဖက်ဆစ်စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၊ တရားမဲ့သတ်ဖြတ်ခဲ့သော ထောင်နှင့်ချီ အသက်များအတွက် တရားမျှတမှု မရရှိမချင်း မည်သည့် တွေ့ဆုံညှိနှိုင်းရေး၊ အပစ်အခတ်ရပ်စဲရေးမဆို ပြုလုပ်ရန်(လုံးဝ) မရှိကြောင်း၊ ဖက်ဆစ်စစ်အုပ်စုကို အထောက်အပံ့ပြု၊ အကာအကွယ်ပြုနေသော မည်သည့်အစိုးရမဆို၊ နိုင်ငံတကာအဖွဲ့အစည်းမဆို ပြည်သူလူထုက အပြင်းအထန် ရှုတ်ချကြောင်းကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ပြည်သူများ ‌အနေဖြင့်လည်း မိမိတို့တက်နိုင်သည့် နည်းလမ်းအားလုံးဖြင့် ဖော်ထုတ်ဆန့်ကျင်ရန် ဖ.ဆ.လ.တ က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ 

နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူထားသည့် စစ်အုပ်စုနှင့် ‌အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တို့၏ ကိုယ်စားလှယ်အဖွဲ့များသည် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGS) တွင် မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခွင့် ရရှိရေးအတွက် ကိုယ်စားပြုခွင့် ယှဉ်ပြိုင်မှု (Credential Challenge)ကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ပြီး ကိုယ်စားပြုတက်ရောက်ခွင့်ကို အဖွဲ့ဝင် ကိုးနိုင်ငံမှ ကိုယ်စာလှယ်များ ပါဝင်သော ကုလသမဂ္ဂ အထွေထွေညီလာခံ ကိုယ်စားလှယ်များကော်မတီ ( Credential Committee)က တာဝန်ယူအဆိုပြုပြီး ညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly