အိန္ဒိယ အင်ဂျင်နီယာစုံတွဲက ကက်ရှ်မီးယားတွင် ကိုယ်ခန္ဓာအလှပြင်သည့် လုပ်ငန်းကို စတင်ရင်းနှီးမြှပ်နှံ

အိန္ဒိယ အင်ဂျင်နီယာစုံတွဲက ကက်ရှ်မီးယားတွင် ကိုယ်ခန္ဓာအလှပြင်သည့် လုပ်ငန်းကို စတင်ရင်းနှီးမြှပ်နှံ

အိန္ဒိယနိုင်ငံမှ အသက် ၃၆ နှစ်အရွယ် မာရင်ကက်ပါနှင့် ၂၇ နှစ်အရွယ် ရှိတ်ခ်ဂျာနတ်တို့က မိမိတို့ကိုယ်ကို လှပလိုသူအများအပြား၏ ဘဝလိုအပ်ချက်ကို ဖြည့်ဆည်းပြောင်းလဲပေးရန် အလှပြုပြင်သည့် စီးပွားရေးလုပ်ငန်း Extensions Srinagar ကို ကက်ရှ်မီးယားဒေသတွင် စတင်လုပ်ကိုင်လိုက်သည်။

အဆိုပါ စီးပွားရေးလုပ်ငန်းမျိုးကို ကက်ရှ်မီးယားတွင် ယခင်က မတွေ့ခဲ့ရသောကြောင့် ၎င်းတို့စုံတွဲက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကို စတင်လိုက်ခြင်းဖြစ်သည်။

Extensions Srinagar လုပ်ငန်းတွင် ခြေသည်းလက်သည်း ဆက်ခြင်း၊ ဆံပင်နှင့် မျက်တောင်မွှေးများဆက်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ခြေသည်းလက်သည်း အလှပြင်ခြင်း၊ ခြေထောက်အလှပြင်ခြင်း၊ ဦးခေါင်းနှိပ်ခြင်းနှင့် ခြေထောက်နှိပ်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

၎င်းတို့ အင်ဂျင်နီယာစုံတွဲသည် အဆိုပါ လုပ်ငန်းကို ယခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။

“ကက်ရှ်မီးယားမှာ ဒီလို စီးပွားရေးဝန်ဆောင်မှုမျိုးကို အရင်က မတွေ့ခဲ့ဖူးလို့ ဒီမှာ လုပ်ဖို့ လိုအပ်နေပါတယ်” ဟု ဂျာနတ်က ပြောသည်။

ယခုစီးပွားရေးသည် ကက်ရှ်မီးယားတွင် ဆံပင်နှင့် ခြေသည်းလက်သည်းများ ဆက်သည့် ပထမဆုံးလုပ်ငန်းဖြစ်ကြောင်း ဂျာနတ်က ပြောသည်။

ခြေသည်းလက်သည်းနှင့် ခြေထောက်သန့်စင်အလှပြင်ခြင်းကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

“ဆံပင် ကောက်လိန်သူတွေ၊ ကျစ်ဆံမြှီးကျစ်တာကို လုပ်ပေးသွားမှာပါ” ဟု ဂျာနတ်က ပြောသည်။

လုပ်ငန်းသစ်တစ်ခုစတင်ရာတွင် အခက်အခဲတွေ့ကြုံရလေ့ရှိသကဲ့သို့ ဂျာနတ်နှင့် မာရင်တို့အတွက်လည်း ယင်းအခြေအနေများကို ရင်ဆိုင်ခဲ့ရသည်။

“ကက်ရှ်မီးယားမှာ ဒီလုပ်ငန်းမျိုးမရှိလို့ စတင်လုပ်ဆောင်ရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဝန်ထမ်းတွေအသုံးပြုတဲ့ ပစ္စည်းတွေ ဝယ်ရတာခက်ခဲသလို ရာသီဥတုကလည်း အမြဲတမ်း ကောင်းမနေပါဘူး” နှစ်ဖက်မိဘများက အကူအညီပေးသောကြောင့် ၎င်းတို့အတွက် လုပ်ငန်းလုပ်ဆောင်ရာတွင် ယုံကြည်မှု ပိုမိုရရှိစေခဲ့သည်။

“ကက်ရှ်မီးယားမှာ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး အလေ့အထမရှိတာကြာကြောင့် အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ ဆွေမျိုးတွေက အစပိုင်းမှာ ပြောခဲ့ကြတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ဒေသအနှံ့က ဖောက်သည်တွေ ရလာခဲ့တယ်” ဟု ဂျာနတ်က ပြောသည်။

လုပ်ငန်းကို ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ကာနီးတွင် စတင်ခဲ့သောကြောင့် ဖောက်သည်တို့၏ တုံ့ပြန်မှုတွင် အတက်အကျရှိခဲ့ကြောင်းလည်း သူမက ပြောသည်။

“ကိုဗစ် ဒုတိယလှိုင်းစတင်ဖြစ်ပွားတဲ့အခါ ကျွန်မတို့ဆိုင်ကို ဖွင့်လို့မရခဲ့ဘူး။ နောက်ပိုင်းမှာတော့ ဖောက်သည်တွေရဲ့ အားပေးထောက်ခံမှုကို ရခဲ့ပါတယ်”

ကက်ရှ်မီးယားတောင်ကြားဒေသမှ လူတိုင်သည် ယခုဝန်ဆောင်မှုများကို သိရှိလာကြပြီးဖြစ်ကာ ၎င်းတို့အပေါ် ဝန်ဆောင်ပေးမှုများကို ကြိုက်နှစ်သက်လာသဖြင့် နေ့စဉ်နှင့်အမျှ လုပ်ငန်းတိုးတက်မည်ဟု ဂျာနတ်က ယုံကြည်ထားသည်။

“လက်သည်းနဲ့ ပတ်သက်လို့ ဝန်ဆောင်မှုကို ၁၇၉၉ ရင်းဂစ်ကနေ စတင်ပြီး မိမိတို့လိုချင်တဲ့ ဒီဇိုင်းအလိုက် အပိုပေးသွားရမှာဖြစ်ပါတယ်” ဟု ဂျာနတ်က ပြောသည်။

“မျက်တောင်ဆက်တဲ့ ဝန်ဆောင်မှုကို ရင်းဂစ် ၂၅၀၀၊ ခြေလသည်းလက်သည်း ပြုပြင်တာက ရင်းဂစ် ၇၅၀၊ ခြေထောက်အလှပြင်တာ ရင်းဂစ် ၈၅၀ နဲ့ ဆံပင်ကျစ်ဆံမြှီး ကျစ်တာအတွက် တစ်နာရီကို ရင်းဂစ် ၂၀၀၀ နဲ့ စတင်သွားပါမယ်”

“ဆံပင်ဆက်တာကတော့ လိုချင်တဲ့အရှည်နဲ့ ထုထည်အပေါ်မှာ ကျသင့်မှာ ဖြစ်ပါတယ်။ တစ်မျှင်ကို ရင်းဂစ် ၃၀၀ ကနေ စယူပါမယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required