နယ်မြေရှင်းလင်းရေးကို အကြောင်းပြပြီး ငွေနှင့်တန်ဖိုးရှိ ပစ္စည်းများပါ စစ်ကောင်စီတပ်ယူ‌ဆောင်သွား

နယ်မြေရှင်းလင်းရေးကို အကြောင်းပြပြီး ငွေနှင့်တန်ဖိုးရှိ ပစ္စည်းများပါ စစ်ကောင်စီတပ်ယူ‌ဆောင်သွား

ဩဂုတ် ၁၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း သေနတ်များပစ်ဖောက်ပြီးနောက်နယ်မြေရှင်းလင်းရေလုပ်သည်ဟု အကြောင်းပြကာအနောက်ရပ်ကွက် ရှိနေအိမ်များကိုဝင်ရောက်ရှာဖွေဖျက်စီးမှုမျာပြုလုပ်သည့်အပြင် ငွေနှင့်တန်ဖိုးရှိ ပစ္စည်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့ကယူဆောင် သွားခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့အတွင်း သေနပ်ဖြင့် ပစ်ဖောက်ကာ လူနေအိမ်တစ်ချို့ရှိ ဆီးနှင်းရှာဖွေခြင်းများပြုလုပ်ကာ ထိုသို့ လုပ်‌ဆောင်သွားခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူတစ်ဦး နေထိုင်သည့် အိမ်တွင်းသို့ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများကိုဖျက်စီးခြင်းယူဆောင်ခြင်းများပြုလုပ်ခဲ့ခြင်းအပြင် ထပ်မံ၍ဖျားနားနေသည့်အိမ်တွင်လှဲလျောင်းနေ‌သော ဖျားနာနေသူတစ်ဦးအားရိုက်နှက်ကာငွေကျပ် သုံးသိန်း ဖုန်း နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကိုလည်းယူဆောင်သွားသည်ဟုဒေသခံများထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required