ဝိုင်းမော်ရှိ ဘူးဂါးလျှပ်စစ်ကုမ္ပဏီဝန်ထမ်း ၆ဦးကို စစ်ကောင်စီ ဖမ်းဆီး 

By The Nation Voice 
10 August 2021
ဝိုင်းမော်ရှိ ဘူးဂါးလျှပ်စစ်ကုမ္ပဏီဝန်ထမ်း ၆ဦးကို စစ်ကောင်စီ ဖမ်းဆီး 

ဩဂုတ် ၁၀ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ကုမ္ပဏီရုံးမှ ဝန်ထမ်း ၆ဦးကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့ညပိုင်း၌ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့သို့ အဓိက လျှပ်စစ်ဓာတ်အားပေးနေခြင်းဖြစ်သည်။

ယမန်နေ့ညပိုင်းက အရေးပေါ် တာဝန်ကျဝန်ထမ်းများ၏ ဖုန်းများအား စစ်ကောင်စီတပ်များက စစ်ဆေးပြီးနောက် ဝန်ထမ်းများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ည ဂျူတီအဖွဲ့ပေါ့ ည ၁၂နာရီ ဝန်းကျင် အဲဒီအချိန်မှာ ဖမ်းသွားတာ။ ရှိတဲ့သူအကုန်လုံးမဟုတ်ဘူး ၆ယောက်ပဲ ရွေးဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများလွတ်မြောက်ရေးအတွက် ကုမ္ပဏီ တာဝန်ရှိသူများ သွားရောက်ညှိနှိုင်းနေကြောင်း ဒေသခံက ပြောသည်။

အဆိုပါ ဘူးဂါးလျှပ်စစ်ရုံးသည် ဝိုင်းမော် ခလရ(၅၈)တပ်အနီးတွင် တည်ရှိသည်။ ယင်းတပ်ရင်းကို KIAက  ဇူလိုင် ၂၉ရက်တွင် လာရောက်တိုက်ခိုက်ခဲ့သေးသည်။ ဩဂုတ်လအတွင်း၌လည်း အဆိုပါ တပ်ရင်း၌ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required