လုံခြုံရေးအရ ခိုလုံနေရချိန် ရွာခံများ မရှိခိုက် စားသောက်ကုန်များ ခိုးယူသယ်‌ ဆောင်သည့်အပြင် ဆိုင်ကယ်များကိုပါ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ 

လုံခြုံရေးအရ ခိုလုံနေရချိန် ရွာခံများ မရှိခိုက် စားသောက်ကုန်များ ခိုးယူသယ်‌ ဆောင်သည့်အပြင် ဆိုင်ကယ်များကိုပါ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ 

ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် အနီးရှိ ညောင်လှ ကျေးရွာ နှင့် ဝဲကြီးကျေးရွာများတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်ခန့် ဝင်ရောက်ပြီး ကျွေးရွာများရှိ စတိုးဆိုင်များကိုဖျက်ဆီးပြီး စားသောက်ကုန်အချို့ ခိုးယူသယ်ဆောင်ကာ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံများကဆိုသည်။

“သူတို့က မနေ့က မနက် ၇နာရီကနေ ဒီနေ့မနက် ၇ နာရီအထိ ညောင်လှနဲ့ဝဲကြီး ကျေးရွာတို့ကိုဝင်မွှေကြတာ။ ရွာကလူတွေက မနက်အစောထဲက သတင်းရလို့ ထွက်ပြေးကြတယ်။ ရွာထဲက ဖုန်းဆိုင်တွေက ဖုန်းတွေ ပါဝါဘဏ် ယူသွားကြတယ်။စတိုးဆိုင်တွေကိုလည်း ဖျက်ဆီးပြီး စားသောက်ကုန်တွေ ယူဆောင်သွားကြတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိမ်တွေကို အဓိက ဝင်ဖျက်ဆီးကြတယ်။ ဆိုင်ကယ် ၁၇ စီးပါမီးရှို့ခံလိုက်ရတယ် “ ဟု ဒေသခံများက အဖျက်ဆီးခံလိုက်ရသည့် အခြေအနေအား ရှင်းပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ညောင်လှကျေးရွာ အနီးရှိ ဝဲကြီးကျေးရွာအ၀င်တွင်ဆိုင်ကယ် ငါးစီးမီးရှို့ခံရပြီး ကျေးရွာအတွင်းရှိ ဆိုင်ကယ် ကိုးစီးကို ထပ်မံဖျက်ဆီးခြင်းခံရခြင်းဖြစ်သည်။

“ဝဲကြီးကျေးရွာမှာ ညပိုင်းတပ်ဆွဲကြတယ်။ အမျိုးသမီး ခုနှစ်ယောက် ၊ ရှစ်ယောက်လောက်ကို ထမင်းချက်ဖို့ ဖမ်းထားကြတယ်။ သူတို့ကတော့ ဒီမနက်ပဲ ပြန်လွတ်ပေးတယ်။ ခူးခတွင်းကျေးရွာက ဘုန်းကြီးကျောင်းသား ခုနှစ်ယောက် ဖမ်းခံထားရတယ်။ အခုထိ ပြန်မလွတ်လာသေးဘူး “ ဟု ဒေသခံတွေကဖြစ်ပွားခဲ့သည့် မြေပြင်အခြေအနေကိုရှင်းပြသည်။

အိမ်ခြေ တစ်ထောင်နီးပါးရှိသည့် ညောင်လှကျေးရွာသို့ဝင်ရောက် ဖျက်ဆီးခံရသည်မှာ သုံးကြိမ်မြောက် ဖြစ်ပြီး ပစ္စည်းဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ထောင်ဂဏန်းနီးပါးခန့်ရှိနေပြီး ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ 

လက်ရှိအချိန်တွင် ညောင်လှ နှင့်ဝဲကြီးကျေးရွာ ရှိဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေလျက်ရှိ ကြောင်း သိရသည်။ 

သြဂုတ်လ ၇ ရက်နေ့ ညပိုင်းအချိန် စိုင်ပြည်မြို့ရှိ စစ်ကောင်စီ ကားနှစ်စီး ၊ မုံရွာမြို့မှ ကားသုံးစီးဖြင့် ထွက်ခွာလာခဲ့ရာမှာ ဒီပဲယင်းမြို့ရှိ ကြည်ရွာ အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံလိုက်ရပြီး ထိုသို့စစ်ကားနှစ်စီးမိုးခွဲခံရ ခြင်းအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီပဲယင်းမြို့အနီး ရှိ ကျေးရွာများအား ဝင်ရောက် မွှေနှောက်ဖျက်ဆီး လျက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required