စစ်ကောင်စီ လက်အောက်ခံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်အချို့ နှုတ်ထွက် 

စစ်ကောင်စီ လက်အောက်ခံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်အချို့ နှုတ်ထွက် 

ဇွန် ၄

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြင်းပြင်းထန်ထန် ပါဝင်နေကြတဲ့ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာစတီးနဲ့ သရုပ်ဆောင် ဆင်မတို့ဟာ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အစည်းအရုံးအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ကြောင်း အသိပေးကြေညာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး  ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီး ဥက္ကဋ္ဌ နေရာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် သရုပ်ဆောင်ခန့်စည်သူက မြန်မာနိူင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကလည်း ဒါရိုက်တာ သည်ခေတ်နေနဲ့ သရုပ်ဆောင် တိုင်ရွန်တို့နဲ့ အတူ အနုပညာရှင်အချို့ နှုတ်ထွက်ခဲ့ကြပါသေးတယ်။

“ကျွန်တော်ကတော့ ဒင်းတို့လက်အောက်ရောက်နေသမျှ ဘာရုပ်ရှင်၊ဘာဇာတ်လမ်းတွဲ၊ဘာဖန်တီးမှုမှ ထပ်လုပ်ဖြစ်မှာ မဟုတ်ဘူး။” လို့ ဒါရိုက်တာ သည်ခေတ်နေက မဇ္စျိမကို ပြောပါတယ်။ 

အလားတူပဲ စစ်ကောင်စီမှ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ ယာယီ အမှုဆောင်အဖွဲ့ကနေ ဂီတစာဆို ဟင်္သာတမြင့်ငွေ၊ အဆိုတော် ကိုင်ဇာတို့ ယနေ့ နုတ်ထွက်ခဲ့ကြပြီး၊ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ တေးရေး ဝေကြီးတို့ကလည်း အသီးသီး နှုတ်ထွက်ထားကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သရုပ်ဆောင် ၊ အဆိုတော် နဲ့အနုပညာရှင် ၅ဝ ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝဦးထက်မနည်းရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required