စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်တရားရုံးက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-
ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသူများကတော့ NSCN-K က သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တော ရေးရာဝန်ကြီး ဦးအန်ကန့်၊ ပြည်ထဲရေးဝန်ကြီး ဦးအန်မိုင်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဦးစောထင်တို့ အပါအဝင် ၁၁ ဦးကို ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဦးကျော်ဝမ်းစိန်က “ အစိုးရကနေပြီးတော့ ၂ နှစ်တော့ ချလိုက်တာပေါ့”ဟု အမိန့်ချပြီး တရားရုံး အပြင်ဘက် အရောက်ပြောမှာ ပြောခဲ့သည်။
လက်ရှိတွင် NSCN-K အဖွဲ့က ဦးကျော်ဝမ်းစိန်၊ ဦးအန်ကန့်၊ ဦးအန်မိုင်း၊ ဒုဗိုလ်မှူးကြီး အောင်ဆိုင်းနှင့် ဦးစောထင်တို့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ကြောင်း NSCN-K က ကြေညာ ထားသည်။
အဆိုပါ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး မည်သည့် မှတ်ချက်မှ မပေးလိုကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။
“ အခု ကျွန်တော်တို့ကို ချလိုက်တဲ့အတွက် ဒီနောက်ဆက်တွဲကတော့ ပြောလို့ မရဘူး ၊ ထိခိုက်မလား၊ မထိခိုက်ဘူးလား ဒါတော့ အခု လက်ရှိမှာတော့ ကျွန်တော်တို့ကို ထုတ်ပယ်ထားတယ်ပေါ့။ ဒါကြောင့် အခုလက်ရှိ ကျွန်တော်တို့ နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတော် အစိုးရအဖွဲ့အစည်း ကြားမှာပဲ မူတည်မယ်”၎င်းက ပြောသည်။
NSCN-K သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ NSCN-K ဌာနချုပ်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာ
ထို့နောက် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ဦးကျော်ဝမ်းစိန်၊ ဦးအန်ကန့်၊ ဦးအန်မိုင်း၊ ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဦး စောထင်တို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။
အလားတူ NSCN-K က နောက်ထက် အဖွဲ့ဝင် ၆ ဦးကိုလည်း ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်မှာ ထပ်မံပြီးတော့ ပုဒ်မ ၁၇(၁)နှင့် ဖမ်းဆီး အရေးယူခဲ့ပါတယ်။
ထို ပုဂ္ဂိုလ် ၁၁ ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ခန္တီးခရိုင် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
NSCN-K သည် မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထားထားသည်။ အစိုးရဘက်က ပြည်ထောင်စု အဆင့်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ၂၀၁၅ ခုနှစ် က ကမ်းလှမ်းထားသည်။