မေ ၂၃ ။ ။ Huawei ကုမ္ပဏီကို ထိခိုက်စေရန် အရေးယူကန့်သတ်မှုများ အမေရိကန်တို့ဘက် လုပ်ဆောင်ထားခဲ့ပြီးနောက် ယခုအခါမှာလည်း နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းရန် စဉ်းစားနေလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
တရုတ်အခြေစိုက် video surveillance ကုမ္ပဏီတစ်ခုဖြစ်သည့် Hikvision ကို Huawei ပုံစံ ဆန်ရှင်မျိုး ချမှတ်သွားရန် အမေရိကန်အစိုးရက စဉ်းစားနေလျက်ရှိကြောင်း သိရသည်။
- ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်က နိုင်ထက်စီးနင်း ပြုမှုတယ်ဆိုကာ တရုတ် ရှုတ်ချ
- ကုန်သွယ်ရေးစစ် တင်းမာမှု မြင့်တက်နေချိန် ပြည်သူများကို Long March စိတ်ဓာတ် ရိုက်သွင်းလှုံ့ဆော်စည်းရုံးရန် တရုတ်သမ္မတ ရည်ရွယ်
ယင်းအတွက်ကြောင့်လည်း လက်ရှိ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံကြီးနှစ်ခု အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ထပ်မံဆိုးရွားသွားစေနိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုနက်ရှိုင်းလာခဲ့ရပြီ ဖြစ်သည်။
အမေရိကန်အစိုးရဘက်က ကန့်သတ်ပိတ်ဆို့လာမည်ဆိုပါက Hikvision ကုမ္ပဏီအနေဖြင့် အမေရိကန် နည်းပညာကုမ္ပဏီများထံမှ နည်းပညာ ဝယ်ယူအသုံးပြုနိုင်မှုပိုင်းတွင် ထိခိုက်နစ်နာမှုများ ရှိလာတော့မည်ဖြစ်ကြောင်း New York Times က ဖော်ပြပါတယ်။
အမေရိကန်အစိုးရသည် Huawei Technologies ကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်ရေး blacklist စာရင်းတစ်ခုထဲ ထည့်သွင်းခဲ့ခြင်းအားဖြင့် အဆိုပါ တရုတ်ကုမ္ပဏီကို အထိနာစေရန် ရည်ရွယ်လုပ်ဆောင်ထားခဲ့သည်။ ယခုအခါ နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကိုလည်း ထပ်မံပစ်မှတ်ထားနေလျက် ရှိသည်။
Hikvision သည် video surveillance ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။