အမေရိကန်လေဆိပ်၌ လေကြောင်းမတော်တဆဖြစ်မှုမှ သီသီကလေးလွတ်ခဲ့သော ဟယ်ရီဆန်ဖို့ဒ်

အမေရိကန်လေဆိပ်၌ လေကြောင်းမတော်တဆဖြစ်မှုမှ သီသီကလေးလွတ်ခဲ့သော ဟယ်ရီဆန်ဖို့ဒ်

အမေရိကန် သရုပ်ဆောင်မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် ကယ်လီဖိုးနီးယား၌ သူ၏ လေယာဉ်အားပျံသန်းလာ စဉ်တွင် လေကြောင်းမတော်တဆဖြစ်ခါနီး အခြေအနေမှ ပွတ်ကာသီကာလွတ်မြောက်ခဲ့ကြာင်း အမေရိကန် သတင်းဌာနများမှ ပြောခဲ့သည်။

သတင်းများအရ အသက်၇၄နှစ်အရွယ်ရှိ ဟယ်ရီဆန်ဖို့ဒ်သည် ပြီးခဲ့သော တနင်္လာနေ့၌ သူ၏ လေယာဉ်ကိုပျံသန်း လာခဲ့စဉ် အောရိန့်ဂျ်ကောင်တီမှ ဂျွန်ဝိန်းလေဆိပ်၏ ပြေးလမ်းကြောင်းထဲသို့ ဆင်းသက်လာရန် ညွှန်ကြားခံခဲ့ရ သည်။

သို့သော်လည်းသူသည် အမေရိကန်လေကြောင်းလိုင်းမှ ခရီးသည် ၁၁၀ဦးကို တင်ဆောင်လာသော လေယာဉ် ပေါ်မှဖြတ်၍ လေယာဉ်ဘေးလမ်းကြောင်းထဲသို့ မှားယွင်းစွာ ဆင်းသက်ခဲ့မိသည်။ အဆိုပါ လေယာဉ်သည်မိနစ် အနည်းငယ်ခန့်အကြာတွင် ဘေးကင်းစွာ ထွက်ခွာသွားနိုင်ခဲ့သည်။ ဖို့ဒ်သည် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက် မပေးရသေးကြောင်း သိရသည်။

လေယာဉ်မဆင်းသက်ခင်၌ ဖို့ဒ်က လေယာဉ်အဆင်းအတက ်ထိန်းချုပ်သူများအား “အဲ့ဒီ့လေယာဉ်ကြီးက ကျုပ် အောက်မှာရှိနေရမှာ ဟုတ်လို့လား” ဟု မေးခဲ့သည်။ ပြည်နယ်လေကြောင်း အာဏာပိုင်များက အင်ဂျင်တစ်လုံး တပ် Aviat Husky လေယာဉ်အမျိုးအစားအား ပြေးလမ်းကြောင်းပေါ်သို့ ဆင်းသက်လာရန် လမ်းကြောင်းရှင်းပေး ခဲ့သည်ဟု အတည်ပြုခဲ့သည်။

သို့သော်လည်း အဆိုပါလေယာဉ်၏ လေယာဉ်မှူးမှာ ဟယ်ရီဆယ်ဖို့ဒ် ဟုတ်သလားဆိုတာကို အတည်ပြုရန်ငြင်း ဆန်ခဲ့သည်။ မင်းသားဖြစ်သူဟယ်ရီဆန်ဖို့ဒ်သည် တရားလက်မှတ်ရ   လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ယခင်ကလည်း လေကြောင်းမတော်တဆဖြစ်မှုများ ကြုံတွေ့ခဲ့ရသူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required