နယူးယော့ခ် ၊ သြဂုတ် ၂၀ ။ ။ ဗြိတိန်ပေါ့ပ်တေးဂီတအဖွဲ့ Blossoms အဖွဲ့သည် အဖွဲ့နာမည်ကိုပေးထားသော ၎င်းတို့၏ ပွဲဦးထွက် တေးအယ်လ်ဘမ် နှင့် ဗြိတိန် တေးဂီတ တေးအယ်လ်ဘမ်ဇယားတွင် သီတင်းပတ်နှစ်ပတ်ကြာ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
မတ်လနှင့် ဧပြီလတို့တွင် အဒဲလ်၏ “ 25” တေးအယ်လ်ဘမ် သုံးပတ်ဆက်တိုက် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ပြီးသည့်နောက်ပိုင်း “ Blossoms” တေးအယ်လ်ဘမ်သည် သီတင်းပတ် တစ်ပတ်ကျော်ကြာ ဆက်တိုက် နံပါတ်တစ်နေရာမှ ရပ်တည်နေသည့် တေးအယ်လ်ဘမ်ဖြစ်သည်။
“Blossoms” တေးအယ်လ်ဘမ်သည် ယခုသီတင်းပတ် အစောပိုင်းက နံပါတ်တစ်နေရာကို ရရှိနိုင်ဖွယ်ရှိသည့် ELO ရော့ခ်တေးဂီတအဖွဲ့၏ “ All Over The World – The Very Best Of” တေးအယ်လ်ဘမ်ကို ကျော်လွန်ကာ နံပါတ်တစ်နေရာကို ရရှိခဲ့ခြင်းဖြစ်သည်။
ELO ၏ “ All Over The World – The Very Best Of”တေးအယ်လ်ဘမ်သည် နံပါတ်သုံးနေရာကို ရရှိခဲ့ပြီး ရက်ပါ ဒရေ့ခ်၏ “ Views” တေးအယ်လ်ဘမ်သည် နံပါတ် နှစ်နေရာတွင် ရပ်တည်လျက်ရှိသည်။
ပြင်သစ်အဆိုတော် Christine and the Queens ၏ “ Chaleur Humane”တေးအယ်လ်ဘမ်သည် နံပါတ်လေးနေရာကို ရပ်တည်နေပြီး ဘော့မာလေး၏ “ Legend” တေးအယ်လ်ဘမ်သည် နံပါတ်ငါးနေရာတွင် ရပ်တည်နေသည်။
တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ဂျက်စတင်ဘီဘာသည် ထိပ်ဆုံးနှစ်နေရာကို သိမ်းပိုက်ထားကာ တစ်ကိုယ်တော် တေးသီချင်းဇယားကို ဆက်လက်ကြီးစိုးထားဆဲဖြစ်သည်။
မေဂျာလက်ဇာ နှင့်တွဲဖက်သီဆိုထားသော ဂျက်စတင်ဘီဘာ၏ Cold Water တေးသီချင်းသည် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် သီတင်းပတ် လေးပတ်ကြာ နံပါတ်တစ်နေရာမှ ရပ်တည်နေပြီး ဒီဂျေ စနိတ်ခ်နှင့် တွဲဖက် သီဆိုထားသော “ Let Me Love You” တေးသီချင်းသည် နံပါတ်နှစ်နေရာတွင် ရပ်တည်နေသည်။