ဆိုးလ်၊ သြဂုတ် ၁၇ ။ ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ 4Minute အဖွဲ့ဝင်ဟောင်း ဂျီယွန်သည် အောက်တိုဘာလတွင် တစ်ကိုယ်တော် အဆိုတော်အဖြစ် ရပ်တည် သွားမည်ဖြစ်ကြောင်း သြဂုတ်၁၇ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂျီယွန်သည် မကြာသေးမီက ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့ကြောင်း Sports Donga တွင် ဖော်ပြထားသည်။ဂျီယွန်သည် ၂၀၀၉ ခုနှစ်က 4Minute အဖွဲ့တွင် ရက်ပ်အဆိုတော်အဖြစ် ပွဲဦးထွက် ပါဝင်ခဲ့ပြီး ဇွန်လက 4Minute အဖွဲ့ကို ဖျက်သိမ်းပြီးနောက်ပိုင်းတွင် တစ်ကိုယ်တော် အဆိုတော်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်သွားမည်ဖြစ်သည်။
ဂျီယွန်သည် HyunA ပြီးနောက် တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်သွားမည့် ဒုတိယမြောက် 4Minute အဖွဲ့ဝင်ဟောင်းဖြစ်သည်။4Minute အဖွဲ့ဝင်ဟောင်း HyunAသည် တစ်ကိုယ်တော် အဆိုတော်အဖြစ် ရပ်တည်ခဲ့ပြီး “ A’wesome”တေးသီချင်းကို သြဂုတ် ၁ရက်က ထုတ်လွှင့်ခဲ့သည်။
ဂျီယွန်သည် ပုံမှန်အားဖြင့် ရုပ်ရှင်သရုပ်ဆောင်များနှင့်သာ စာချုပ်ချုပ်ဆို အလုပ်လုပ်သော ပြည်တွင်းဖျော်ဖြေရေး အေဂျင်စီ JS E&M နှင့် စာချုပ်ချုပ်ဆိုမည့် ပထမဆုံး တေးသံရှင်ဖြစ်သည် ။ အေဂျင်စီက တေးသံရှင်များကို ထောက်ပံ့ပေးသည့် အဖွဲ့တစ်ဖွဲ့ကို ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။