ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းက အာဏာရှင်ကို တော်လှန်နေတဲ့ ကျားသစ်နက်စစ်ကြောင်း(PDF)ရှိပါတယ်။ အဲ့ဒီစစ်ကြောင်းမှာ လူငယ်တွေအများစု ပါဝင်နေပြီး အသက်အရွယ်အားဖြင့် ၁၈ နှစ်ကနေ ၃၀ ဝန်ကျင် ရှိကြပါတယ်။
ရဲဘော်တွေရဲ့ ဘဝ ဖြတ်သန်းပုံ၊ တော်လှန်ရေးခံယူချက်နဲ့ ရှေ့တန်းအတွေ့အကြုံတွေ၊ ကိုယ်တိုင်တိုက်ပွဲဝင်ချင်ပေမယ့် အမျိုးသမီးဖြစ်တာကြောင့် တိုက်ပွဲဝင်ခွင့် မရခဲ့တဲ့ ရဲမေ၊ တော်လှန်ရေး သုံးနှစ်တာကာလအတွင်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ စခန်းသိမ်းတိုက်ပွဲအကြောင်း စတာတွေကို မဇ္ဈိမရဲ့ စစ်သတင်းထောက်ဟန်ထူးဇော်က ရှေ့တန်းကိုသွားပြီး ရဲဘော်တွေကို သွားရောက်မေးမြန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ရိုက်ကူး/တင်ဆက်/တည်းဖြတ်= ဟန်ထူးဇော်