စပါလက်တီဟာ အီတလီအသင်းနည်းပြ ရာထူးရယူဖို့ မူအားဖြင့် သဘောတူ

စပါလက်တီဟာ အီတလီအသင်းနည်းပြ ရာထူးရယူဖို့ မူအားဖြင့် သဘောတူ
Photo: EPA

အီတလီဘောလုံးအဖွဲ့ချုပ်နဲ့ လူစီယာနို စပါလက်တီတို့ဟာ နိုင်ငံလက်ရွေးစင်နည်းပြအဖြစ် ရောဘတ်တို မန်စီနီရဲ့ နေရာကို ဆက်ခံဖို့ သူ့အတွက် သဘောတူညီမှုတစ်ရပ်ရရှိခဲ့ကြပြီဖြစ်ကြောင်း အီတလီသတင်းစာများရဲ့ဖော်ပြချက်အရ သိရပါတယ်။

La Gazzetta dello Sport ရဲ့ အဆိုအရ အဖွဲ့ချုပ်ရဲ့ ထိပ်ဆုံးဦးစားပေးရွေးချယ်မှုဖြစ်တဲ့ စပါလက်တီဟာ ၂၀၂၆ စက်တင်ဘာလအထိ သုံးနှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

နာပိုလီနည်းပြဟောင်းဟာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂါဘရီလီ ဂရာဗီနာနဲ့ အကြိမ်များစွာ တယ်လီဖုန်းပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး အခုအခါ မန်စီနီထံကနေ ရာထူးလွှဲပြောင်းရယူဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

စပါလက်တီနဲ့ ဂရာဗီနာတို့ဟာ စာချုပ်ကို အပြီးသတ်ဖို့ သောကြာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

စနေနေ့မှာ တရားဝင်ခန့်အပ်ခံရဖွယ်ရှိနေပြီးနောက် စပါလက်တီဟာ နည်းပြအဖြစ် တနင်္လာနေ့မှာ ပထမဆုံးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်း sports daily က ဖော်ပြပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ စပါလက်တီဟာ နာပိုလီနည်းပြအဖြစ်ကနေ မနုတ်ထွက်မီ မေလမှာ ကလပ်အသင်းနဲ့အတူ အီတလီချန်ပီယံဆုရခဲ့ပါတယ်။

၂၀၂၁ မှာ ဥရောပဆုဖလားကိုရယူခဲ့ပေမယ့်လည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်ခဲ့တဲ့ နိုင်ငံအသင်းကို ပြန်လည်အသက်သွင်းဖို့ သူဟာ တာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly