အာဏာသိမ်းစစ်ကောင်စီ ဘယ်လိုအကျပ်အတည်းတွေ ရင်ဆိုင်နေရလဲ

အာဏာသိမ်းစစ်ကောင်စီ ဘယ်လိုအကျပ်အတည်းတွေ ရင်ဆိုင်နေရလဲ

စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော်လှန်တဲ့ လက်ရှိအခြေအနေဟာ ခုခံတွန်းလှန်စစ်ကနေ အကြိုထိုးစစ်ဆင်တဲ့ အဆင့်ကို ရောက်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုဇွန်လဆန်းမှာပဲ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း ဖွဲ့စည်းလိုက်ပြီလို့ NUG က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကိုယ်တိုင် ပဲခူးတိုင်းကိုလာရောက်ပြီး ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တွေ့ဆုံအားပေးစကား ပြောခဲ့ပါသေးတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု အင်အား ဘယ်လောက်လျော့နည်းလာပြီဆိုတာ ပြသနေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required