စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများအစုလိုက်အပြုံလိုက်သေခဲ့ရသည်။
အလားတူကျူးလွန်မှုများကို စစ်အာဏာမသိမ်းခင်နှင့် စစ်အာဏာသိမ်းပြီးနောက်တွင် ကျူးလွန်ခဲ့ကြသည်။
သို့သော် မည်သို့သောအကြောင်းများကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အရေးယူဆောင်ရွက်နိုင်မှုများ မလုပ်နိုင်ဘဲဖြစ်နေခဲ့ရသနည်း၊ မြန်မာပြည်သူများအတွက် တရားမျှတမှုဆောင်ကြဉ်းပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက မေးမြန်းထားသည်။