အပျော်သင်္ကြန်မဟုတ်သည့် တော်လှန်သင်္ကြန် ရွှေနွယ်သွေး သံချပ်

By ကိုခင်မောင် (မဇ္ဈိမ)
14 April 2023
အပျော်သင်္ကြန်မဟုတ်သည့် တော်လှန်သင်္ကြန် ရွှေနွယ်သွေး သံချပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်းသည် ၂၀၂၃ခုနှစ်တွင် ကျရောက်သော အပျော်သင်္ကြန်မဟုတ်သည့် တော်လှန်သင်္ကြန်တွင် ရွှေနွယ်သွေးသံချပ်ဖြင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ကြောင်း သိရသည်။

သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ် အဖွဲ့သည် Fundraising Cranes For U နှင့်ပူးပေါင်းကာ ရှမ်းတောင်နှင့် ကရင်နီအတွက်ကူညီနိုင်ရန် “ မြို့သိမ်းသင်္ကြန်” ဆိုတဲ့  Online event တွင်လည်း  တော်လှန်သံချပ်အနေဖြင့်ပါဝင်အားဖြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required