ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး လေကြောင်းပစ်ကူပါပေးနေလို့ ရွာခံထောင်ချီပြေးနေရ (ရုပ်သံ) 

By KMN
01 March 2023
ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး လေကြောင်းပစ်ကူပါပေးနေလို့ ရွာခံထောင်ချီပြေးနေရ (ရုပ်သံ) 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာနဲ့အနီးအနားကျေးရွာတွေကို ဖေဖော်ဝါရီ ၂၈ ရက်မနေ့ညကစပြီး ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စစ်ကြောင်းက မီးပတ်ရှို့နေတဲ့အပြင် Mi-35 ရဟတ်ယာဉ်နဲ့ပါပစ်ခတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ကုန်းရွာကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီ၂၈ရက် ညနေ ၆နာရီခွဲ အချိန်က စတင်ပြီး ကျေးရွာအတွင်းကို သေနတ်‌တွေနဲ့ရမ်းသန်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ည ၇နာရီ ၄၀မိနစ် အချိန့်ခန့်ကစတင်ကာ ကုန်းရွာကျေးရွာကို မီးတင်ရှို့ခဲ့တာပါ။ 

အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ကုန်းရွာကျေးရွာကို ဒီကနေ့ နံနက် ၈နာရီ ၄၀မိနစ်အချိန်ကနေ စပြီး ထပ်မံမီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ်ပြေးနေရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 

အဲ့ဒီစစ်ကြောင်းကို ဒီမနက်ပိုင်းမှာ ဒေသခံ မဟာမိတ်တပ်တွေက ကုန်းရွာ ဘုရားကုန်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရဲ့စစ်ကြောင်းထိုးရမ်းသန်းပစ်ခတ်မှုနဲ့မီးရှို့မှုကြောင့် ကုန်းရွာ၊ ရုံးလေးပင်၊ ပေါက်ပန်းဖြူ၊ ဇီးတောတောင်-မြောက် စတဲ့ရွာ ၁၀ ရွာက ရွာခံ ၉,၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။ 

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN 
#mizzima 
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required