ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးထက်မနည်းသေဆုံးဟု ထုတ်ပြန်

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးထက်မနည်းသေဆုံးဟု ထုတ်ပြန်

ဇူလိုင် ၁၅

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာနှင့် မခေခမ်းရွာများ တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ ) ၊ အင်း PDF ၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည် ။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်၏ ဆက်သွယ်ရေးစက် အထိုင်ချထားသည့်နေရာနှင့် ရိက္ခာဂိုဒေါင်များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PK PDF က သတင်းထုတ်ပြန်သည်။

ပူးပေါင်းအဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးများခဲ့သည့် စစ်ကောင်စီ တပ်သည် လက်နက်ကြီးများဖြင့် ပြန်လည်၍ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်း အဖွဲ့များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#Mizzima

#ရှမ်းပြည်တောင်ပိုင်း

#ဖယ်ခုံမြို့နယ်

#တိုက်ပွဲ

#စစ်ကောင်စီတပ်သား

#၁၁ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required