ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေခြင်းကြောင့် ထိုင်းနယ်စပ်မှ တစ်ဆင့် စစ်ကူများ ပို့နေရ

ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေခြင်းကြောင့် ထိုင်းနယ်စပ်မှ တစ်ဆင့် စစ်ကူများ ပို့နေရ

ဇွန် ၂၇

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်ဒေသရှိ ဥကရစ်ထစစ်စခန်းကို KNDO, KNLA ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ၂၅ရက်နေ့တွင် စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနေခြင်းကြောင့် ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် စစ်ကူများပေးပို့နေကြောင်း မြေပြင်သတင်းများအရ သိရသည်။

"သောင်းရင်းမြစ်ကနေတစ်ဆင့် စခန်းအနောက်က ငရုတ်ခင်းကနေ စကစဘက်က စစ်ကူတွေဝင်လာတယ်၊ စခန်းကို အခုချိန်အထိ သိမ်းလို့ မရသေးဘူး၊ ကျနော်တို့ ရအောင်သိမ်းမယ် အနိုင်နဲ့အတူပြန်လာမယ်"ဟု KNDO ရဲဘော်တဦးမှ ပြောသည်။

ဇွန်လ ၂၆ရက်နေ့တွင်လည်း စစ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီအင်အား ၆၀ကျော်နှင့် KNDOတို့ ဝေါလေမြိုင်အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားကြောင်း သိရသည်။

တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်ဒေသနှင့် ဝေါလေမြိုင်ဒေသအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ စစ်ကူများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ တစ်ဆင့် ပို့ဆောင်မှုများရှိနေသည်။ အဆိုပါတိုက်ပွဲတွင် နှစ်ဦးနှစ်ဖက် အထိအခိုက် အကျအဆုံးများရှိနေပြီး တိုက်ပွဲပြင်းထန်နေသည်။

ဓာတ်ပုံ - ပုံအဟောင်းဖြစ်သည်။

#mizzima

#သောင်းရင်းမြစ်ကနေတစ်ဆင့်

#အနိုင်နဲ့အတူပြန်လာမယ်

#စစ်ကောင်စီဘက်

#အကျအဆုံးများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly