ဇူလိုင် ၄
ပဲခူးမြို့တွင်းရှိ မြို့နယ်လျှပ်စစ်ရုံးနှင့် ဟံသာဝတီရပ်ကွက်အုပ်ချုပ်ရေးရုံးတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ဒလန်တစ်ဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် လုပ်ကြံခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်သည်။
"ဒီနေ့မနက်ဗုံးပေါက်တာနဲ့ အုပ်ချုပ်ရေးမှုးဟောင်းဒလန်ကိုပစ်သတ်ခံရတာ ကျွန်တော်တို့ People Defence Force-Bagoက လုပ်ဆောင်ခဲ့တာပါ။ ရပ်ကွက်ရုံးမှာ ဗုံးပေါက်တာတော့ ရုံးကဝန်ထမ်းအချို့ထိခိုက်သွားတယ် ဘယ်နှစ်ယောက်ဆိုတာတော့ မသိသေးဘူး"ဟု အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းမှဆက်လက်ပြီး ကာကွယ်ရေးတပ်အနေဖြင့် စစ်ကောင်စီ၏ ယန္တရားတွေကိုရပ်တန့်ဖို့နှင့် ပြည်သူကိုဒုက္ခပေးမည့်သူများကို သုတ်သင်သွားမည်ဟုလည်း ထပ်လောင်းပြောဆိုသည်။
ဒေသခံများ၏ပြောကြားချက်အရ ရပ်ကွက်ရုံးတွင်ဗုံးပေါက်ကွဲမှု့မှာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။