ရန်ကုန်၊ သြဂုတ် ၁၀ ။ ။ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရသည့် မွန်၊ တနင်္သာရီနှင့် ကရင်ပြည်နယ်တို့တွင် နောက်နှစ်ရက်အထိ မိုးဆက်လက်ကြီးမည့် အနေအထားတွင်ရှိကြောင်း မိုးလေဝနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး ကမဇ္စျိမသို့ပြောသည်။
“ မိုးအနေနဲ့ဆိုရင် ၃ လက်မကျော်သွားရင် မိုးကြီးတယ်လို့ပြောတာပေါ့နော်။ ၃ လက်မတော့ ဆက်ပြီး ကျော်နေဦးမယ်။ ဒါပေမယ့် မနေ့ကနဲ့၊ ဟိုတစ်နေ့ကပေါ့နော် အဲ့ဒီ့နှစ်ရက်လောက်တော့ မများတော့ဘူး။ နောက်ရက်တွေတော့တဖြည်းဖြည်းလျော့လာပါပြီ” ဟု၎င်းက ဆိုသည်။
မြန်မာပြည်တောင်ပိုင်းတွင် မုတ်သုံလေမှာ ဆက်လက်အားကောင်းနေသည့်အနေအထားတွင်ရှိသောကြောင့် မိုးဆက်လက်ပိုမည်ဟု ဒေါက်တာကျော်မိုးဦး ကပြောသည်။
ထို့အပြင် နောက် ၂ ရက်အကြာ သြဂုတ်လ ၁၃ ရက်ခန့်တွင် မုတ်သုံလေမှာ တောင်ပိုင်းသို့ ဆက်လက် ရွှေ့သွားမည့် အနေအထားတွင် ရှိ ကြောင်း လည်းသိရသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေး တိုင်း ဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးများရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည်။
ထို့အတူကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်း ဒေသ ကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန် ချက်တွင်ရေးသားထားသည်။