အမေရိကန် ဂျူး ဘုရားကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်၊ လူ တစ်ဦး သေဆုံး

အမေရိကန် ဂျူး ဘုရားကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်၊ လူ တစ်ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဂျူး ဘုရားရှိခိုးကျောင်းတစ်ကျောင်းမှာ ဧပြီ ၂၇ ရက်က သေနတ်သမားတစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား သုံးဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆန် ဒီယေဂိုမြို့ မြောက်ဘက် ပိုဝေးမြို့မှာ ဖြစ်ခဲ့တဲ့ ယင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် အသက် ၁၉ နှစ်အရွယ် သေနတ်သမား အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ယင်းနေ့က အဆိုပါ ဂျူး ဘုရားကျောင်းမှာ ဘာသာရေးအခမ်းအနားတစ်ခုကို ကျင်းပနေချိန်မှာ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သေနတ်သမား ခုလို ဘာကြောင့်  ပစ်ခတ်ရတာလဲ ဆိုတာကို ရဲက ထုတ်ပြန်ထားခြင်း မရှိပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒါဟာ အမုန်းတရားကြောင့် ကျူးလွန်တဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ခြောက်လအကြာတုန်းက ပစ်တ်စ်ဘာဂ့်မြို့ ဂျူး ဘုရားရှိခိုးကျောင်းတစ်ကျောင်းမှာ ခုလို သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း ယခု ထပ်မံပေါ်ပေါက်လာခဲ့တဲ့ သေနတ်ပစ်ခတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required