အီလက်ထရောနစ်ဆက်သွယ်မှုအား အာဏာပိုင်များက ပိတ်တားနိုင်မှုဥပဒေ စင်ကာပူလွှတ်တော်အတည်ပြု

အီလက်ထရောနစ်ဆက်သွယ်မှုအား အာဏာပိုင်များက ပိတ်တားနိုင်မှုဥပဒေ စင်ကာပူလွှတ်တော်အတည်ပြု

စင်ကာပူ၊ မတ် ၂၁ ။          ။ မီဒီယာလွတ်လပ်ခွင့်အား ချည့်နဲ့စေခြင်းအဖြစ် ဆန္ဒပြမှုများရှိနေသော်လည်း စင်ကာပူလွှတ်တော်သည် အာဏာပိုင်များက အကြမ်းဖက်မှုနှင့် ဆက်စပ်လျှင် အီလက်ထရောနစ်ဆက်သွယ်မှုအား ပိတ်ပစ်နိုင်သည့် အငြင်းပွားဖွယ်ဥပဒေကို မတ် ၂၁ ရက်တွင် အတည်ပြုလိုက်သည်။

အဆိုပါ ဥပဒေအရ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင် ဖြစ်လာနိုင်သော မတော်တဆမှုများအတွက် သံသယရှိပါက ဖုန်းမက်ဆေ့ချ် ပေးပို့ခြင်း၊ ဓာတ်ပုံပို့ခြင်း စသည်တို့ကို ပိတ်တားနိုင်ခွင့် ရှိမည်ဖြစ်သည်။

စစ်သွေးကြွများကို အဓိကပစ်မှတ်ထားပြီး ယခုဥပဒေ ပြုခြင်းဖြစ်ကြောင်း အစိုးရက ပြောသော်လည်း တက်ကြွလှုပ်ရှားသူများက တင်းကြပ်စွာထိန်းချုပ်ခြင်းဖြင့် လွတ်လပ်ခွင့် ဖိစီးခံနေရစဉ် နောက်ထပ်ထပ်တိုး ဖိနှိပ်မှုဖြစ်ကြောင်း ပြောကြသည်။

ယခုဥပဒေကို အထူးကိစ္စရပ်များနှင့် လုံခြုံရေးလုပ်ငန်းစဉ်များအတွင်းမှာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဂျိုးဆက်ဖင်းက လွှတ်တော်အမတ်များအား ပြောသည်။

အဆိုပါ ဥပဒေကို လွှတ်တော်အမတ်အများစုက ထောက်ခံမဲပေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ လွှတ်တော်တွင် စင်ကာပူနိုင်ငံအား ဆယ်စုနှစ်ငါးခုစာမက အုပ်ချုပ်နေသည့် People’s Action Party မှ လွှတ်တော်အမတ်များက ကြီးစိုးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required