စစ်တွေ၊ ဒီဇင်ဘာ ၉ ရက်။ ။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၄၃ ကြိမ်မြောက်် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ကမ္ဘာ့အဆင့်မီ မျက်လှည့်ပြပွဲကို ထည့်သွင်းဖျော်ဖြေမည် ဖြစ်ပြီး နှင့် သူ၏ သားဖြစ်သူ ဟယ်ရီတို့က ဦးဆောင်မည်လည်း ဖြစ်သည်။
ယခင်နှစ်များက ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာ ဝတ်စား ဆင်ယင်ပြိုင်ပွဲနှင့် စတိတ်ရှိုးပွဲ များကိုသာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မျက်လှည့်ဖျော်ဖြေမှု ထည့်သွင်းခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရ၏ ဖိတ်ခေါ်ချက်ဖြင့် စစ်တွေမြို့တွင် လာရောက် ဖျော်ဖြေမည့် မျက်လှည့် ပညာရှင် မစ္စတာတော့ပ်၏ ဖျော်ဖြေမှုကို ကြည့်ရှုရန် ဒေသခံများအနေနှင့်လည်း စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်ဟု စစ်တွေဒေသခံတစ်ဦး ဖြစ်သူ ကိုအောင် ပိုင်စိုးက ပြောသည်။
ယခုကျရောက်မည့် ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ကမ္ဘာ့အဆင့်မီ မျက်လှည့်ပြိုင်ပွဲ အပါအဝင် စတိတ်ရှိုးပွဲများကို စစ်တွေမြို့ရှိ ဓညဝတီအား ကစားကွင်းတွင် လည်းကောင်း၊ ရခိုင်ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲကို စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ လည်းကောင်း၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ဝင်္ကဘာကွင်းတွင် လည်းကောင်း ထည့်သွင်း ဖျော်ဖြေသွားမည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။