မင်္ဂလာဒုံတွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပွား

မင်္ဂလာဒုံတွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပွား
ဓာတ်ပုံ-ကိုထင်လင်းအောင်
 

ရန်ကုန်၊ သြဂုတ်လ ၁၆ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း ဆီဆိုင်အနီးမှ ကွေ့ထွက်လာသည့် ကားကြောင့် သြဂုတ်လ ၁၅ ရက် ညပိုင်းက ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်သုံးစီးဆင့်တိုက်မှုမှာ သြဂုတ်လ ၁၅ ရက်၊ ည ရ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ကွေ့ထွက်လာသည့်ကားမှာ ခေါင်းခန်းကြေမွသွားခဲ့ပြီး ယာဉ်မောင်းမှာလည်း   ခြေထောက် စုတ်ပြဲ ဒဏ်ရာများ၊ ရင်ဘတ်အောင့် ဒဏ်ရာများရရှိခဲ့သည်။

“ တိုက်တာက မျက်နှာချင်းဆိုင်အနေအထားပဲ။ ကွေ့ကားက ကွေ့ချလိုက်တဲ့အချိန်မှာ တစ်ဖက်ယာဉ်ကြောက လာနေတဲ့ စူပါကာစတန်ကားတစ်စီးရယ်၊ ဒိုင်နာကားတစ်စီးရယ်ပေါ့။ ကွေ့ကားက   ခေါင်းထုတ်တဲ့အချိန် ဝင် တိုက်မိကြတာ။ ဆင့်တိုက်တဲ့ ပုံစံမျိုးပေါ့။ ကွေ့ကားက လူပဲ ထိခိုက်ဒဏ်ရာတွေရသွားတယ်။ ဟိုကားနှစ်စီးက လူတွေကတော့ ထိခိုက် ဒဏ်ရာတော့ မရပါဘူး။ ကားကတော့ နည်းနည်းပါးပါးထိသွားတာပေါ့။ ကွေ့ကား ကတော့ ခေါင်းခန်းတစ်ခုလုံး ကြေမွသွားတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာများရရှိခဲ့သော ကွေ့ကားပေါ်မှာ ယာဉ်မောင်းအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ အင်းစိန်မြို့နယ်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၁၅ ရက်၊ ည ၆ နာရီအချိန်ခန့်၊ ထောက်ကြန့်မြို့နယ်၊ နွယ်ခွေလမ်းတွင် လမ်းလျှောက်နေသော လူငယ်တစ်ဦးအား ဆိုင်ကယ်တစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ လူငယ်မှာ နဖူးနှင့် ခြေထောက်ပေါက်ပြဲ ဒဏ်ရာ များရရှိခဲ့၍ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required