စတုခ်နောက်ခံလူ ဘရက်စလေကို ဘန်လေအသင်းခေါ်ယူ

စတုခ်နောက်ခံလူ ဘရက်စလေကို ဘန်လေအသင်းခေါ်ယူ

ဇူလိုင် ၂၆၊ အင်္ဂလန် ။                ။ ဘန်လေအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် စတုခ်အသင်းမှ နောက်ခံလူ ဘရက်စလေကို မဖော်ပြသည့်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူလိုက်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စကော့တလန်လက်ရွေးစင်ကစားသမားဟောင်း ဘရက်စလေသည် ဘန်လေအသင်းနှင့် ၂ နှစ် သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

မန်ယူနှင့်ဆန်းဒါးလန်းအသင်းတို့၏ကစားသမားဟောင်း ဘရက်စလေသည် ၂၀၀၆ ခုနှစ်က ဘန်လေအသင်းတွင် အငှားလာရောက်ကစားခဲ့ဖူးသူလည်း ဖြစ်သည်။

‘ဘန်လေအသင်းကို ပြန်လာခွင့်ရတာက တကယ့်အခွင့်အရေးကောင်းတစ်ရပ်ပါပဲ။ Turf Moor ကွင်းမှာ နောက်တစ်ကြိမ်ထပ်ကစားရမှာကလည်း တကယ်ကောင်းတဲ့ စိန်ခေါ်မှုပါ။ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားပါတယ်’ ဟု ဘရက်စလေက ပြောသည်။

ဘန်လေအသင်းသည် ယခုအပြောင်းအရွှေ့တွင် စတုခ်တိုက်စစ်မှူး ဂျိုနသန်ဝေါ်လ်တာ၊ ဆွမ်ဆီးကွင်းလယ်လူ ဂျက်ကော့၊ လိဒ်နောက်ခံလူ ချာလီတေလာတို့ကို ခေါ်ယူထားပြီး ဘရက်စလေမှာ စတုတ္ထမြောက်ကစားသမားခေါ်ယူမှု ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required