ဇူလိုင် ၂၂၊ ရန်ကုန်။ ။ အာရှဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လူစာရင်းကို ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ခဲ့ရာ လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာဝေးကွာနေသော ဝါရင့်တိုက်စစ်မှူး ရန်ပိုင် ပြန်လည်ပါဝင်လာသည်။
အဆိုပါ ပဏာမလက်ရွေးစင်အသင်းလူစာရင်းတွင် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်းမှ ကစားသမားများပါဝင်ခြင်း မရှိပဲ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများတွင် ခြေစွမ်းပြကစားနေသော ကစားသမားများနှင့် ဝါရင့်ကစားသမားများပေါင်းစပ်ပါဝင်နေသည်။ ပဏာမလူစာရင်းတွင်ကစားသမား ၁၉ဦးပါဝင်ပြီး ရှမ်းယူနိုက်တက်အသင်းက ခြောက်ဦး၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ငါးဦး၊ ရတနာပုံအသင်းမှ လေးဦး၊ မကွေးအသင်းမှ နှစ်ဦး၊ ဆောက်သမ်းမြန်မာနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့မှ ကစားသမား တစ်ဦးစီပါဝင်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ သြဂုတ် ၂၉ရက်တွင် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ရန်ကုန်မြို့၌ခြေစမ်းကစားမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် ကာဂျစ်စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲကစားရမည်ဖြစ်သည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းလူစာရင်း
ဂိုး - ပြည်လျှံအောင်(ရတနာပုံ)၊ ကျော်ဇင်ထက်(ရန်ကုန်ယူနိုက်တက်)၊ သီဟစည်သူ(ရှမ်းယူနိုက်တက်)
နောက်တန်း - ကျော်ဇင်လွင်(မကွေး)၊ ဒေးဗစ်ထန်း(ရန်ကုန်ယူနိုက်တက်)၊ ကျော်စွာလင်း(မကွေး)၊ ဝင်းမင်းထွဋ်(ရှမ်းယူနိုက်တက်)၊ ဇော်မင်းထွန်း(ရန်ကုန်ယူနိုက်တက်)၊ သိန်းသန်းဝင်း(ရတနာပုံ)
အလယ်တန်း - မင်းမင်းသူ(ဧရာဝတီယူနိုက်တက်)၊ တင်ဝင်းအောင်(ရှမ်းယူနိုက်တက်)၊ ရန်အောင်ကျော်(ရန်ကုန်ယူနိုက်တက်)၊ ချစ်စုမိုး(ရှမ်းယူနိုက်တက်)၊ စိုးမြတ်သူ(ဆောက်သမ်းမြန်မာ)၊ ဇင်မင်းထွန်း(ရှမ်းယူနိုက်တက်)၊ ဒွေးကိုကိုချစ်(ရှမ်းယူနိုက်တက်)၊ သက်နိုင်(ရတနာပုံ)
ရှေ့တန်း - ကျော်ကိုကို(ရန်ကုန်ယူနိုက်တက်)၊ ရန်ပိုင်(ရတနာပုံ)