ရန်ကုန်၊မတ်၂၄။ ။ ရန်ကုန်မြို့သင်္ကြန်တွင် ဗုံးပေါက်သကဲ့သို့ အရေးပေါ်အခြေအနေမျိုး ဖြစ်ပေါ်လာပါက ရန်ကုန်ဆေးရုံကြီးအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည်ဟု ရန်ကုန်ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။
အဆိုပါပြင်ဆင်မှုမှာ ဆေးရုံကြီးအနေနှင့် နှစ်စဉ်အရေးပေါ်အခြေအနေများအတွက် ကြိုတင်လေ့ကျင့်မှု ပြုလုပ် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။
"အစ်မတို့မှာ Mass Casualty Plan(အရေးပေါ်အခြေအနေအတွက် အစီအစဉ်) ဆိုတာရှိတယ် ။ Plan(အစီအစဉ်) မှာ အကုန်လုံးချရေးထားပြီးသား ။ ဆေးရုံအုပ်ကြီးက Commander ပေါ့ ။ ကွပ်ကဲရေးမှူး ။ သူက Mass Casualty လို့ ပြောလိုက်တာနဲ့ အစ်မတို့က အသီးသီး ၊ ဘယ်သူက ဘာဆိုတာကို စာအုပ်ထွက်ထားပြီးသားရှိတယ် ။ အဲ့ဒီဟာလည်း Drill(ကြိုတင်လေ့ကျင့်မှု) လည်း မနှစ်တုန်းကတော့ လုပ်ပြီးသားပေါ့နော် အဲ့တာကတော့ တကယ့် Drill(ကြိုတင်လေ့ကျင့်မှု) ပေါ့"ဟု ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆိုသည်။
ကြိုတင်လေ့ကျင့်မှုကို ယခင်နှစ်က မတ်လပိုင်းတွင် လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် ြို ဧပြီလအစပိုင်းတွင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် စီစဉ်ထားကာ အရေးပေါ်အခြေအနေကဲ့သို့ တာဝန်ယူထားသော ကဏ္ဍအသီးသီးမှ ကုသသည့် ဌာနများက လက်တွေ့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာမှာ ကုန်ကျစရိတ်များ ရှိသော်လည်း ဆေးရုံ၏ အလှူငွေဖြင့်သာ နှစ်စဉ်ပြုလုပ်နေကြောင်း အစိုးရကို တောင်းခံခြင်းမရှိသော်လည်း ကြိုတင်လေ့ကျင်ရာတွင်ကုန်ကျစရိ်တ်ကျခံပေးစေလိုကြောင်း ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ပြောသည်။
၂၀၁၀ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ၁၀ဦး သေဆုံးပြီး ၁၇၀ခန့် ဒဏ်ရာရရှိခဲ့သည်။