ယီမင်နိုင်ငံတွင်းရှိ သူပုန်ထိန်းချုပ်ရာ မြို့တစ်မြို့တွင် ကျင်းပနေသည့် မင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရ၍ လူ အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့သည်။
မြို့တော် ဆာနားမှ အရှေ့တောင်ဖက် မိုင် ၆၀ အကွာရှိ ဆန်ဘန်းမြို့တွင် ယင်းတိုက်ခိုက်မှုဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
တိုက်ခိုက်မှုက မည်သူလက်ချက်ဖြစ်ကြောင်း မသိရသေးသော်လည်း ယီမင်တွင် ဟူသီသူပုန်များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းများက လေကြောင်းထိုးစစ်ဆင်လျက်ရှိသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ပင်လယ်နီဆိပ်ကမ်းမြို့ မိုချာတွင် လက်ထပ်မင်္ဂလာဆောင်တစ်ခု လေကြောင်းတိုက်ခိုက်ခံရ၍ လူပေါင်း ၁၃၀ အနည်းဆုံးသေဆုံးခဲ့ရသည်။
ယင်းတိုက်ခိုက်မှုအတွက် ဆော်ဒီညွှန်ပေါင်းတပ်ဖွဲ့က ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆန်သည်။ Ref ;BBC