ကမ္ဘာကြီး ပိုမိုပူနွေးလာနေတာထိန်းချုပ်နိုင်အောင် ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ အစားထိုးကြဖို့ နိုင်ငံစုံကြိုးပမ်းနေကြချိန်မှာပဲ လူဦးရေတိုးနေတဲ့ အာရှတိုက်နိုင်ငံတို့မှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ထိန်းချုပ်နိုင်မယ့် အဖြေတွေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ နေစွမ်းအင်ထုတ်ယူမှုမှာ ပိုမိုပူးပေါင်းပါဝင်ကြဖို့လည်း စီးပွါးရေးအင်အားကြီး တရုတ်နိုင်ငံကိုလည်း တိုက်တွန်းလိုက်ပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။