ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် HOPE- The Humanitarian Organization အဖွဲ့၏ ဒါရိုက်တာ ကိုစတီဗင်ကို ဆက်သွယ်မေးမြန်းထားသည်။
စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကြောင်းထိုးကာ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း အစရှိသည့် လုပ်ရပ်များ ပြုလုပ်နေသဖြင့် ကရင်နီပြည်နယ်တွင် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းနီးပါးရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRGက ဖော်ပြထားသည်။