တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ ဖြစ်ပွားနေသော်လည်း အနောက်တိုင်းကာကွယ်ဆေးများကို တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်က လက်ခံရန် ဆန္ဒမရှိကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြား ရေးမှူးအေဗယ်လ်ဟိန်းစ်က ပြောကြားခဲ့သည်။
လတ်တလော ဆန္ဒပြမှုများသည် ကွန်မြူနစ်ပါတီအုပ်ချုပ်မှုကို မခြိမ်းခြောက်နိုင်ဘဲ ၎င်း၏ ပုဂ္ဂိုလ်ရေးရပ်တည် မှုကိုသာ ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်တွင် နေ့စဉ်ကိုဗစ်ကူးစက်မှုနှုန်းသည် အမြင့်ဆုံးဖြစ်နေပြီး၊ ရှီ၏ ကိုဗစ်-၁၉ မူဝါဒသည် စီးပွားရေးကျဆင်း မှုနှင့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများက ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် မြို့ကြီးအချို့တွင် စမ်းသပ်မှုနှင့် သီးသန့်ခွဲထားမှုစည်းမျဉ်းများကို ဖြေလျှော့ရန် လုပ်ဆောင်နေသည်။
ဗိုင်းရပ်စ်က လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများရှိနေသော်လည်း ရှီက “အနောက်နိုင်ငံ တွေဆီက ပိုမိုကောင်းမွန်တဲ့ ကာကွယ်ဆေးကို မယူလိုဘဲ အိုမီခရွန်ကို ထိရောက်စွာ မတိုက်ဖျက်နိုင်တဲ့ တရုတ် ကာကွယ်ဆေးကို အားကိုးနေပါတယ်။” ဟု ကယ်လီဖိုးနီးယားတွင် နှစ်စဉ်ကျင်းပသည့် ရီဂင်အမျိုးသား ကာ ကွယ်ရေးဖိုရမ်တွင် ဟိန်းစ်က ပြောကြားခဲ့သည်။
“ဆန္ဒပြမှုတွေနဲ့ တုံ့ပြန်မှုတွေကို ကြည့်ရင် ရှီဖော်ပြချင်တဲ့ တရုတ်အစိုးရဖွဲ့စည်းပုံက ပိုကောင်းတယ်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်” ဟု ဟိန်းစ်က ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာ တည်ငြိမ်မှု ခြိမ်းခြောက်တာမျိုး၊ အစိုးရ အပြောင်းအလဲ ဒါမှမဟုတ် ဒီလိုမျိုးကိစ္စရပ်တွေ မဟုတ်ပါဘူး” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပြီး “ဒါက ရှီရဲ့ ရပ်တည်မှုအပေါ် ဘယ်လိုမျိုး သက်ရောက် လာမယ်ဆိုတာ အရေးကြီးပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အာဏာပိုင်များသည် ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် တရုတ် နိုင်ငံ ကွမ်ကျိုးနှင့် ချုံချင်းမြို့များတွင် ကိုဗစ်ကန့်သတ်ချက်များကို ရုတ်ခြည်း ရုပ်သိမ်းခဲ့သည်။
ဈေးဝယ်စင်တာများကဲ့သို့ နေရာများအား ဝင်ရောက်ရေးအတွက် ပေကျင်းမြို့တွင် ရောဂါမရှိကြောင်း စစ်ဆေးမှု ရလဒ်များ တောင်းဆိုခြင်းကို ရပ်တန့်လိုက်ခြင်းကြောင့် ပေကျင်းရှိ စမ်းသပ်ခန်းအများအပြားကို ပိတ်လိုက် သည်။
ကာကွယ်ဆေးအတွက် တရုတ်က အမေရိကန်ကို မတောင်းဆိုခဲ့ဘူးကြောင်း သီတင်းပတ်အစောပိုင်းက အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အနောက်တိုင်း ကာကွယ်ဆေးများကို တရုတ်က အတည်ပြုပေးရန် လက်တလောမဖြစ်နိုင်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။