နိုဝင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
သပိတ်စစ်ကြောင်းသည် "သွေးမအေးတဲ့ ရွှေနွယ်သွေး" စာသားပါ ဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၄၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ် မှောက်ခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ