LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)

26 January 2020
LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)
FA Cup January 26, 21:30

Tranmere
0-6 (FT)
Maguire 10' Dalot 13' Lingard 16' Phil Jones 41' Martial 45' Greenwood 56' (P)
Stadium: Prenton Park
Goal!!!

မန်ယူအသင်းအတွက် စတုတ္ထဦးဆောင်ဂိုးကို ဖေးလ်ဂျုံးစ်က သွင်းယူပေးလိုက်ပြန်ပါပြီ

39 Min

ပွဲအစ (၁၆)မိနစ်အတွင်းမှာ သွင်းဂိုး (၃)ဂိုးရခဲ့တဲ့ မန်ယူအသင်းက လက်ကျန်ပွဲချိန်တွေမှာတော့ ကစားပုံ ပြန်အေးသွားခဲ့တာ ခင်ဗျာ။ လင်ဂတ်ရဲ့ ဂိုးကန်သွင်းခွင့်အချို့ကို ဆက်လက်မြင်တွေ့နေရပေမယ့် ဂိုးပေါက်တည့်အောင် ကန်နိုင်ခြင်းတော့ မရှိတော့ပါဘူး။

37 Min

ထရန်မဲအသင်းက သူတို့ရဲ့ အားသာတဲ့ ဘယ်ခြမ်းတိုက်စစ်ကို ဆက်လက်ပုံဖော်နေဆဲပဲ ခင်ဗျာ။ ဒါပေမယ့် မန်ယူအသင်းရဲ့ခံစစ်ကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိသေးပဲ ညာနောက်ခံလူအဖြစ် ပွဲထွက်လာတဲ့ ဖေးလ်ဂျုံးစ်ကို ကျော်ဖြတ်နိုင်ဖို့ တော်တော်လေး ရုန်းကန်နေရပါတယ်။

35 Min

အသင်းငယ်လေးတွေနဲ့တွေ့တိုင်း ခြေစွမ်းပြလေ့ရှိတဲ့ မန်ယူကွင်းလယ်လူ လင်ဂတ်က ဒီပွဲမှာလည်း မန်ယူအတွက် ခြေစွမ်းပြနေပြန်ပြီ ခင်ဗျာ။ မန်ယူအသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေက လင်ဂတ်ဆီကနေ စတင်နေပြီး ပြိုင်ဖက်ကစားသမားနှစ်ယောက်လောက်က သူ့ကို လိုက်လံ ထိန်းချုပ်နေကြရပါတယ်။

33 Min

ထရန်မဲအသင်းရဲ့ တိုက်စစ်မှူး ဂျန်းနင်းစ် တစ်ယောက် ဂိုးရဖို့ အခွွင့်အရေးရခဲ့ပေမယ့် မန်ယူကွင်းလယ်လူ မာတစ်က ခံစစ်အထိ ဆင်းပြီး ဖျက်ထုတ်သွားခဲ့ပါတယ်။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly