ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
သဲဖြူကုန်းကျေးရွာ မြေပြိုကျမူတွင် သေဆုံးသူ ရုပ်အလောင်း ၆၄ ဦးအထိတွေ့ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမော်လမြိုင်- ရန်ကုန်အဝေးပြေးကားလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာ အပေါ်ကုလားမတောင်တန်း ၏ မလတ်တောင် မြေပြိုကျမူဖြစ်စဉ်တွင် ရုပ်လောင်း ၆၄ လောင်းအထိတွေ့ရှိ ထားကြောင်း သိရသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59611

မွန်နှင့် ကရင်ပြည်နယ်ရှိ သဘာဝဘေးသင့် ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်အတွင်း ခံစားနေရသော ပြည်သူ များကို ဝိုင်းဝန်းကူညီရန် မန္တလေးမြို့၊ မြို့မိမြို့ဖများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ၊ ဘာသာ ပေါင်းစုံအစုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ သဘာဝဘေး ကူညီလှူဒါန်းရေးအဖွဲ့ ဖွဲ့စည်းပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့တွင်စတင်ဖွဲ့စည်းလိုက်ပြီး မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၃-၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေများကောက်ခံလျက်ရှိပြီး ပြည်သူများ အနေဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများကို တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီရန် နှိုးဆော်လျှက်ရှိသည်။ (ရိုက်ကူး - ဘိုဘို/မဇ္ဈိမ)

တနင်္သာရီ ရေဘေးတွင် တပ်မတော်သားတစ်ဦး ရေထဲမျောပါသေဆုံး

တနင်္သာရီမြို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တပ်မတော်သားတစ်ဦး ရေထဲမျောပါသေးဆုံးမှု သြဂုတ်လ ၁၂ ရက်ကဖြစ်ပွားခဲ့ ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရဲမြင့်ဆွေက မဇ္စျိမသို့ ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59606

တနင်္သာရီတွင် ရေဘေးသင့် ပြည်သူ နှစ်သောင်းကျော်ရှိပြီး စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် အန္တရာယ်ရေအမှတ်အထက် ကျော်လွန် ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၂၂ ရွာမှ လူဦးရေ နှစ်သောင်းကျော်မှာ ရေဘေးခံစားနေရပြီး စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရကြောင်း သိရ သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59603

တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူးတို့တွင် မိုးရွာသွန်းမှုလျော့ကျလာမည်ဟု မိုးဇလပြော

မုတ်သုံလေအားကောင်းမှုအဆင့်လျော့ကျလာသောကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည့် တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတို့တွင် မိုးရွာသွန်းမှုများတောက်လျောက်လျော့ကျလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက မဇ္စျိမသို့အတည် ပြုပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59597