ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သဲဖြူကုန်းကျေးရွာမြေပြိုမှုအား ဧရာဝတီဖောင်ဒေးရှင်းမှ သြဂုတ်လ ၁၁ ရက်နေ့က သွားရောက်ပြီး စုစုပေါင်း ကျပ် သိန်း ၃၅၀ ခန့်နှင့်စားသောက်စရာများ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။
ကျန်ရစ်သူမိသားစုဝင်များ စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀ သိန်းစီ၊ စုစုပေါင်း အိမ်ထောင်စု ၂၇ စု အတွက် ငွေကျပ်သိန်း၂၇၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် လူ ၄၀ ဦးအတွက် ငွေကျပ် သိန်း ၈၀ ကို ကူညီထောက်ပံ့ပေးခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် လတ်တလော ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခရောက်နေသူများကို ဆက်လက်ကူညီပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသခံအဖွဲအစည်းများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သြဂုတ် ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သော ယင်းမြေပြိုမှုတွင် သြဂုတ် ၁၃ ရက်နေ့၊ ညနေ ၅ နာရီအထိ စုစုပေါင်း သေဆုံးသူ ၆၅ ဦး ရှာဖွေတွေ့ရှိထားပြီး သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့အသီးသီးမှ ကူညီရန် ရောက်ရှိနေကြသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမော်လမြိုင် ရန်ကုန်အဝေးပြေး ကားလမ်းမကြီး ပေါ်ရှိ သဲဖြူကုန်းကျေးရွာပေါ်သို့ ကုလားမတောင်တန်း ၏ မလတ်တောင် ပြိုကျမူဖြစ်စဉ်အပြီးတွင် ဆည်မြောင်းနှင့် ရေအရင်းမြစ်သုံးချမူ စီမံခန်ခွဲမူဌာန မှ ဘူမိဗေဒ ပညာရှင်များ က လာရောက် တိုင်းတာစစ်ဆေးခဲ့သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59618
ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် မွန်ပြည်နယ်မှာ ကျောင်းသား၊ကျောင်းသူ သေဆုံးမှု ၁၆ ဦး ရှိပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေး ခေတ္တရပ်နားချိန်မှာ မီဒီယာများရဲ့ မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
လက်ရှိမှာတော့ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ကျောင်းပေါင်း ၇၀ ကျော်ကို ပိတ်ထားရပြီး ရေပြန် ကျသွားပါက အစားထိုးပြန်လည်သင်ကြားမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ ရေဘေးသင့် အိမ် ထောင်စု ၃၉၀၀၀ ကျော်မှာ လူဦးရေ ၁၈၀၀၀၀ ကျော် ရှိပြီး၊ သေဆုံးသူ ၅၈ ဦးထိရှိကြောင်း သိရပါတယ်။
ရိုက်ကူး - အောင်မြတ်သူ
မွန်ပြည်နယ်၊ ပေါင်မြို့အတွင်း တောင်ပြိုကျမှုကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများထံသို့ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများက ၂၀၁၉ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် သွား ရောက်ကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများ၏ကျန်ရစ်သူများကို တွေ့ဆုံအားပေးခြင်းများ ပြုလုပ်ခဲ့ပြီး လတ်တလော စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၁၀)သိန်းစီဖြင့် စုစုပေါင်း အိမ်ထောင်စု (၂၇) စုအတွက် ငွေကျပ် သိန်း(၂၇၀)ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အပြင် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသူများကိုတွေ့ဆုံအားပေးကာ စုစုပေါင်း (၄၀)ဦးအတွက် ငွေကျပ် သိန်း (၈၀)ကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် လတ်တလော ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခ ရောက်နေသူများကို ဆက်လက်ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသခံအဖွဲအစည်းများနှင့် ချိတ်ဆက်ကာ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မော်လမြိုင်- ရန်ကုန်အဝေးပြေးကားလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာအပေါ် ကုလားမတောင်တန်း၏ မလတ်တောင် မြေပြိုကျမူဖြစ်စဉ်တွင် ရုပ်လောင်း ၆၄ လောင်းအထိ တွေ့ရှိ ထားကြောင်း သိရသည်။
တည်းဖြတ် /တင်ဆက် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59611