LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
32 Min

လီဗာပူးလ်အသင်းခေါင်းဆောင် မီလ်နာကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်ပဲ အကြီးအကျယ် စောဒက တက်နေပါတယ်။

30 Min

လီဗာပူးလ်အသင်း ရရှိခဲ့တဲ့ ချေပဂိုးကတော့ ဆာလက် ရဲ့ ပါးနပ်မှုကြောင့်လို့ ပြောရမှာဖြစ်ပေမယ့် ဘုန်းမောက်အသင်းခေါင်းဆောင် ကွတ်ခ် နေရာကို လူစားဝင်လာခဲ့တဲ့ ဆင်ဆွန်ရဲ့ ညံ့ဖျင်းမှုကြောင့်လို့လည်း ပြောရမယ် ခင်ဗျာ။ ဘုန်းမောက် ခံစစ်ကတော့ ဒီပုံစံအတိုင်းဆိုရင် လီဗာပူးလ်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းရမယ့်ပုံပါပဲ။

Goal!!!

လီဗာပူးလ်အသင်းက ချေပဂိုး ရရှိသွားခဲ့ပြီ ခင်ဗျာ။ ဆာလက် ရဲ့ ကန်သွင်းချက် ဖြစ်ပါတယ်။

26 Min

ကွတ်ခ် ထွက်သွားခဲ့တာကြောင့် ဘုန်းမောက်အသင်းရဲ့ ခံစစ်ကို ဦးဆောင်ရမယ့်သူက နသန်အကီ ဖြစ်လာခဲ့ပါပြီ။ လီဗာပူးလ်ရဲ့တိုက်စစ်ကို ဘယ်လောက်အထိ ကာကွယ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ် ခင်ဗျာ။

24 Min

ချိန်ဘာလိန်ရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်က ကောင်းခဲ့ပေမယ့်လည်း ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။ ထောင့်ကန်ဘောကြောင့် လူတွေရှုပ်ထွေးနေချိန်မှာ လီဗာပူးလ်ကွင်းလယ်လူ ဝစ်နယ်ဒန် တစ်ယောက် မျက်နှာကို လက်နဲ့အုပ်ပြီး လဲကျသွားခဲ့တယ် ခင်ဗျာ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly