LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)

18 January 2020
LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)
Premier League Today, 19:00

Watford
0-0 (FT)
Vicarage Road
⏱️ 75 Min

စပါးအသင်းက ကွင်းလယ်လူ အယ်လီ ကို ထုတ်ပြီး အဲရစ်ဆင် ကို ထည့်သွင်း ကစားစေခဲ့တယ် ခင်ဗျာ။ အင်တာမီလန်ကိုပြောင်းဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်တဲ့ အဲရစ်ဆင် အတွက်တော့ စပါးအတွက် ကစားပေးဖို့ သိပ်ပြီး အချိန်မရှိတော့ဘူးလို့ပဲ ပြောရမှာပါ။

⏱️ 73 Min

ဒီနေးရဲ့ ပင်နယ်တီ လွဲချော်မှုကတော့ ဝက်ဖို့ဒ်အသင်းအတွက် ကြီးမားတဲဲ့ နစ်နာမှုကြီး ဖြစ်သွားခဲ့တယ် ခင်ဗျာ။ စပါးဂိုးသမား ဂက်ဇာနီဂါ ကတော့ ဒီနေ့ပွဲမှာ သူရဲကောင်း ဖြစ်သွားခဲ့ပါပြီ။ သူက ဝက်ဖို့ဒ်ရဲ့ အပိုင်ကန်ချက် (၂)ကြိမ်ကို ကာကွယ်ထားခဲ့တဲ့အပြင် ပင်နယ်တီကိုလည်း ဆုံးဖြတ်ချက် မှန်မှန်နဲ့ ကာကွယ်သွားခဲ့တယ်။

MISSED PENALTY!!!

ဝက်ဖို့ဒ်အသင်း ရရှိတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဒီနေးကန်သွင်းခဲ့ပေမယ့်လည်း စပါး ဂိုးသမား ဂက်ဇာနီဂါ က အံ့အားသင့်ဖွယ် ကာကွယ်သွားခဲ့တယ် ခင်ဗျာ။

Penalty

ဗာတွန်ဂန် တစ်ယောက် ဂိုးဧရိယာထဲမှာ လက်ထိခဲ့တယ်ဆိုပြီး စပါးအသင်း ပင်နယ်တီ ပေးလိုက်ရပြီ ခင်ဗျာ။

⏱️ 67 Min

ပွဲချိန်မိနစ် (၆၀)နောက်ပိုင်းမှာ စပါးအသင်း အခွင့်အရေးအချို့ ဖန်တီးလာနိုင်တာကို တွေ့နေရတယ် ခင်ဗျာ။ လာမယ်လာ၊ မိုရာ တို့ အခွင့်အရေးအချို့ရခဲ့ပေမယ့်လည်း သူတို့ရခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးဖြစ်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ လိုဆယ်ဆိုကတော့ တိုက်စစ်နဲ့ခံစစ်ကြားမှာ လမ်းပျောက်နေပုံပဲ ခင်ဗျာ။ အခုအချိန်အထိ ခြေပေါ်အောင် မကစားနိုင်သေးပါဘူး။