LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)

16 November 2019
LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)
UEFA EURO Qualifiers November 16, 23:30

Russia
1-4
Thorgan Hazard 19' Eden Hazard 33' 40' Lukaku 72' | Georgi Dzhikiya 79'
Krestovsky Stadium
Goal!!!

အီဒင်ဟာဇက်ရဲ့ ဂိုးဧရိယာအပြင်က ကန်သွင်းချက် ဂိုးဝင်သွားခဲ့ပြန်ပြီ ခင်ဗျာ

31 Min

ပွဲက အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့တယ်ခင်ဗျာ။ ဘယ်လ်ဂျီယံက ချေပဂိုးမပေးရဖို့ကို အာရုံစိုက် ကစားနေခဲ့လို့ ရုရှားက ပိုပြီး ဖိအားပေး ကစားနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အနေအထားက ဂိုးဧရိယာအပြင်ဖက်ကတောင် ကန်ခွင့်မရသေးဘူးခင်ဗျာ။

29 Min

ဟာဇက်ရဲ့ ဒီတစ်ကြိမ် ကန်သွင်းမှုက ဘယ်လ်ဂျီယံအတွက် ဒုတိယဦးဆောင်ဂိုးဖြစ်ဖို့ နီးစပ်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ရုရှားဂိုးသမား ပုတ်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘော ကန်ခွင့်ရမှာဖြစ်ပါတယ်။

27 Min

ဒီညပွဲအတွက်တော့ ရုရှားအသင်းက သူတို့ရဲ့ ဘယ်တောင်ပံကနေပဲ အဓိက ထိုးဖောက်နေခဲ့တယ်ခင်ဗျာ။ ကက်စတက်နီ နဲ့ အယ်လ်ဒါဝီး တို့ရဲ့ ညာခြမ်းခံစစ်က မာကျောတယ်ဆိုပေမယ့်လည်း ရုရှားတွေကတော့ အဲဒီဖက်ကချည်း တိုက်စစ်ကို စတင်နေခဲ့တာ မြင်နေရပါတယ်။ လက်ရှိအချိန်အထိတော့ ရုရှားတွေ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်သေးပါဘူး။

25 Min

ပထမပိုင်း ပွဲကစားချိန် တစ်ဝက်လောက်ကို ရောက်လာခဲ့ပြီခင်ဗျာ။ ကြည့်ရတာ ဘယ်လ်ဂျီယံအသင်းက အုပ်စုတွင်း (၁၀၀)ရာခိုင်နှုန်း နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်သွားမယ့် ပုံပါပဲ။ လက်ရှိကစားပုံအရတော့ ရုရှားအသင်း ချေပဂိုး တစ်ဂိုးရဖို့တောင် လွယ်ပါ့မလားလို့ စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly