LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)

16 November 2019
LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)
UEFA EURO Qualifiers November 16, 23:30

Russia
1-4
Thorgan Hazard 19' Eden Hazard 33' 40' Lukaku 72' | Georgi Dzhikiya 79'
Krestovsky Stadium
42 Min

ရုရှားအသင်းရဲ့  မာကျောတယ်ဆိုတဲ့ ခံစစ်ကတော့ ပထမပိုင်းမှာတင် ဘယ်လ်ဂျီယံကို (၃)ဂိုး ခွင့်ပြုထားလိုက်ရပြီ ခင်ဗျာ။ ရုရှားရဲ့ ကစားပုံကောင်းပေမယ့် ဘယ်လ်ဂျီယံ ကစားသမားတွေကို တစ််ဦးချင်း ယှဉ်မကစားနိုင်တာက အဓိက ပြဿနာဖြစ်ခဲ့ပြီး သွင်းဂိုးတွေကို ခွင့်ပြုပေးနေရတာပါပဲ။

Goal!!!

အီဒင်ဟာဇက် ပဲ ခင်ဗျာ…။ ဘယ်လ်ဂျီယံအတွက် တတိယ ဦးဆောင်ဂိုး သွင်းယူပေးလိုက်ပြန်ပါပြီ။

39 Min

အီဒင်ဟာဇက်ရဲ့ ဒီတစ်ကြိမ် ကန်သွင်းချက်ကလည်း ရုရှား နောက်ခံလူနဲ့ ထိသွားခဲ့ရတာ ခင်ဗျာ။ မဟုတ်ရင် နောက်ထပ် သွင်းဂိုးတစ်ဂိုးတောင် ထပ်ရသွားဦးမလားလို့ ထင်စရာပါပဲ။

37 Min

ဘယ်လ်ဂျီယံရဲ့ အသင်းခေါင်းဆောင် ဟာဇက်ကတော့ လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ (၇)ပွဲမှာ (၄)ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီခင်ဗျာ။ ဒီပွဲမှာလည်း ဘယ်လ်ဂျီယံရဲ့တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေသလို ရုရှားနောက်ခံလူတွေကို တစ်ချိန်လုံးအခက်တွေ့အောင် လုပ်ပြနေခဲ့ပါတယ်။

35 Min

အီဒင်ဟာဇက် ရဲ့ အဝေးကနေ ကန်သွင်းချက်က တကယ့်ကို ကောင်းမွန်ခဲ့တာ ခင်ဗျာ။ ဒီအခြေအနေက ကစားသမားတွေရဲ့ အဆုံးသတ် ကောင်းမွန်မှု ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြနေခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံက သူတို့ရတဲ့ အခွင့်အရေးနည်းနည်းလေးကို ဂိုးအဖြစ် ပြောင်းလဲ ပြနေခဲ့တာပါ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly