LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
84 Min

မြန်မာအသင်းကတော့ပွဲပြီးဖို့ နီးလာလေလေ ထောင့်ကန်ဘောတွေ ပေးနေရလေလေ ဖြစ်နေပြီ ခင်ဗျာ။ မြန်မာကစားသမားတွေကချေပဂိုးတွေပေးရမှာကို ကြောက်နေကြပြီး ဘောလုံးကို ခြေထောက်ထဲ ထားဖို့ထက် ကန်ထုတ်ဖို့ကိုပဲ ကြိုးစားနေကြပါပြီ။

82 Min

မွန်ဂိုလီယာ အသင်းက နောက်ဆုံး လူစားလဲမှုအနေနဲ့ ကျောနံပတ် (၉) ကို ထည့်ပြီး တိုက်စစ်ကို အားဖြည့်လိုက်ပြီ ခင်ဗျာ။ လက်ကျန်မိနစ်တွေမှာ မွန်ဂိုလီယာ တို့ ချေပဂိုးရဖို့ ကြိုးစားနေပါပြီ။

အခုလည်း မွန်ဂိုလီယာ အသင်းရဲ့ ထိုးဖောက်မှုကို တားဆီးဖို့ ကြိုးစားရင်း မြန်မာအသင်း ထောင့်ကန်ဘော ပေးလိုက်ရပါပြီ။

80 Min

မြန်မာအသင်းတိုက်စစ်မှူး အောင်သူ ကို  ပြိုင်ဖက်ကစားသမားတွေ တားဆီးပုံ ကြမ်းတမ်းခဲ့တဲ့အတွက် မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရတယ်ခင်ဗျာ။ အောင်သူကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ နောက်ခံလူ အဝါကတ် အပြခံခဲ့ရပြီး အောင်သူကတော့ ဆေးကုသမှု ခံယူနေရတယ်။

78 Min

ပွဲကစားချိန်တွေကတော့ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့ပြီခင်ဗျာ။ မြန်မာအသင်းက ဖိအားပေးကစားနေနိုင်တယ်ဆိုပေမယ့်လည်း မွန်ဂိုလီယာအသင်းကို ချေပဂိုးမပေးရဖို့တော့ တော်တော်လေး ကြိုးစားရဦးမယ်ခင်ဗျာ။ လက်ကျန်မိနစ်တွေမှာ ဒီရလဒ်အတိုင်း တောင့်ထားနိုင်ဖို့တော့ လိုအပ်နေတာပါ။

77 Min

အောင်သူရဲ့ ဂိုးဧရိယာထဲမှာ ထိုးဖောက်မှုက ဒီတစ်ကြိမ် တော်တော်လေး အန္တရာယ်များခဲ့တာ ခင်ဗျာ ။ ပြိုင်ဖက်ကစားသမားတွေအနေနဲ့ကတော့ ပင်နယ်တီ ပြစ်ဒဏ်ဘောမပေးရအောင် တော်တော်လေး ထိန်းကစားနေရပြီး အောင်သူရဲ့ အမြန်နှုန်းကို သတိထားနေပါတယ်။