Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
62 Min

မန်စီးတီးအသင်း ရဲ့ အရန်စာရင်းမှာတော့ ဂျီးဆပ်၊ မာရက်ဇ်တို့ရှိနေပြီး နည်းပြ ဂွာဒီယိုလာအနေနဲ့ အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ အနေအထား ခင်ဗျာ။

61 Min

ဂန်ဒိုဂန်ရဲ့ ဖြတ်တင်ဘောကို ဖိုဒန် အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ပြီး ဒီဂီယာ တစ်ယောက် အကောင်းဆုံး ကာကွယ်လိုက်နိုင်ပါတယ်။

59 Min

ဖာနန်ဒင်ဟိုနဲ့ မာရှယ်တို့ ဘောလုံးယှဉ်လုရာမှာ မာရှယ်တစ်ယောက် တွန်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပေးထားခဲ့ပါတယ်။

58 Min

မန်ယူအသင်းက ဘယ်ညာတောင်ပံတွေက ဖြတ်တင်ဘောတွေနဲ့ မန်စီးတီးကို ဖိအားပေးနေခဲ့ပြီး မန်စီးတီးက တန်ပြန်တိုက်စစ်ကစားဖို့တောင် ပြင်ဆင်နေရတဲ့အခြေအနေကို မြင်တွေ့နေရတယ် ခင်ဗျာ။ ပထမပိုင်းမှာ ရခဲ့တဲ့ ဦးဆောင်ဂိုးတစ်ဂိုးက မန်ယူအသင်းကို စိတ်ဓာတ်တက်ကြွသွားစေခဲ့တယ်လို့ ထင်ရပုံပါ

56 Min

မန်ယူအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးအိမ်ကွင်း (၁၂)ပွဲမှာ (၁၁)ပွဲအထိ မရှုံးအောင် ကစားပြထားနိုင်တယ် ခင်ဗျာ။ ဒီမှတ်တမ်းကို ကြည့်မယ်ဆိုရင် မန်ယူဟာ အိမ်ကွင်း ကစားရခက်တဲ့ အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေပြီး မန်စီးတီးအနေနဲ့ မန်ယူကို အနိုင်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ့်အနေအထားပါ။