LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
44 Min

မလေးရှားအသင်း အန္တရာယ်ရှိတဲ့ ထိုးဖောက်မှု တစ်ကြိမ် ရရှိခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဘယ်ခြမ်းမှာ ကစားနေတဲ့ ကျောနံပတ် (၁၂)ရဲ့ ကန်ချက် ဂိုးပေါက်နဲ့ လွဲသွားခဲ့လို့ မြန်မာအသင်း သက်သာ သွားခဲ့တာဖြစ်ပါတယ်။

42 Min

မြန်မာအသင်းကွင်းလယ်လူ လှိုင်းဘိုဘိုတစ်ယောက် မလေးရှားဂိုးစည်းထိပ်ကနေ ကန်သွင်းခဲ့ပေမယ့် မလေးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ မြန်မာကစားသမားတွေကတော့ ဒီကန်ချက်မှာ မလေးနောက်ခံလူ လက်ထိ ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ကို စောဒက တက်နေကြပါတယ်။

40 Min

ပထမပိုင်းပွဲချိန်တွေပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ မလေးရှားအသင်းက ကစားပုံ ပိုကောင်းလာနေပေမယ့် မြန်မာအသင်းရဲ့ တိုက်စစ်ကစားပုံကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေဆဲဖြစ်ပြီး မလေးခံစစ်ကို ဖိအားပေးနေဆဲပါ။

38 Min

လက်ရှိအချိန်အထိတော့ မြန်မာအသင်းမှာ အဝါကတ်် အပြခံရတဲ့ ကစားသမား (၂)ဦးအထိ ရှိသွားခဲ့ပြီ ခင်ဗျာ။ မြန်မာအသင်းနောက်ခံလူ စိုးမိုးကျော်နဲ့ ရဲမင်းသူ တို့ အဝါကတ် ကိုယ်စီ ပြသခံထားရလို့ လက်ကျန်ပွဲချိန်တွေမှာ ဂရုစိုက်ကစားဖို့ လိုနေပါပြီ။

36 Min

ပထမပိုင်းပွဲကစားချိန်ကတော့ (၃၆)မိနစ်အထိ ရောက်ရှိလာခဲ့ပြီခင်ဗျာ။ လက်ရှိအချိန်မှာတော့ မလေးရှားတိုက်စစ်ကို ဟန့်တားရင်း ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့ စိုးမိုးကျော် ကို အဝါကတ် ပြလိုက်တယ် ခင်ဗျာ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly