LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
31 Min

ပွဲကစားချိန်က မိနစ် (၃၀) ကျော်သွားခဲ့ပါပြီ။ မန်စီးတီးအသင်းက ဦးဆောင်ဂိုး (၂)ဂိုးအထိ ခွင့်ပြုထားခဲ့ရလို့ ဒီပွဲကို ဘယ်လို ဆက်လက်ပြီး ကစားသွားမလဲဆိုိတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့တယ်ခင်ဗျာ။

29 Min

မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို လို်က်ပါကစားခဲ့တဲ့ အိန်ဂျယ်လီနိုရဲ့ ကန်ချက်က ဂိုးတိုင်ထိသွားခဲ့လို့ မန်စီးတီးအသင်း ချေပဂိုးရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတယ် ခင်ဗျာ။

28 Min

လီဗာပူးလ်က တန်ပြန်တိုိက်စစ်ကတစ်ဆင့် ထိုးဖောက်လာပြန်ပြီခင်ဗျာ။ လီဗာပူးလ်အသင်း ဘောလုံးရသွားရင် မန်စီးတီးကစားသမားတွေက အသည်းအသန်ဖြစ်နေခဲ့ပြီး လီဗာပူးလ်ရဲ့ တိုက်စစ်ဆင်မှုတိုင်းက အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

26 Min

လီဗာပူးလ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေက အာနိုးလ်နဲ့ ရောဘတ်ဆန် တို့ဆီက စလာတာ ဖြစ်ပေမယ့် မန်စီးတီးကတော့ အဲဒါကို ထိန်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ခင်ဗျာ။

25 Min

အဂွီရိုရဲ့ ဒီတစ်ကြိမ်ကန်သွင်းချက်က ဂိုးရသွားနိုင်ချေရှိပေမယ့် ဂိုးသမား အလစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။