LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
39 Min

မန်စီးတီးအသင်းနောက််ခံလူ ဝေါ်လ်ကာရဲ့ ကန်ချက်က ဂိုးပေါက်နဲ့ နည်းနည်းလေး ကပ်လွဲသွားခဲ့တယ်ခင်ဗျာ။ မန်စီးတီးက ချေပဂိုးရဖို့ တစ်သင်းလုံး တိုက်စစ်ကို လိုက်ပြီး ကစားနေတာကို တွေ့နေရပါတယ်။

37 Min

အီဒါဆင် နေရာမှာ ဝင်ရောက်ကစားတဲ့ မန်စီးတီးအသင်းဂိုးသမား ဘရာဗို အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်နေရပုံပါပဲ။ လီဗာပူးလ်အသင်းရဲ့  ကန်ချက်တွေကို ဂိုးအဖြစ် ခွင့်ပြုပေးထားခဲ့ရသလို သူ့ရဲ့ ကန်တင်ပေးပို့မှုတွေကလည်း အသင်းဖော်တွေအတွက်အသုံးမဝင်ပဲ ဖြစ်နေခဲ့တယ်ခင်ဗျာ။

FB user comment

Baggio Roberto

ကြေးလိမ်ထားတာ ပါပူးက ဘက်စုံမျှတယ် မန်စီးတီး ဘက်ကအားထည့်ကစားမှာအသေအချာဘဲ ထိပ်ဆုံးကကောင်ကို အမှတ်ပေးလိုက်ရင် ဒီနှစ်အမှတ်ပေးဝေးပီ ဆိုးတာကပါပူးနည်းပြက စီးတီးကို ဘယ်လို ချည်းကပ်ရမယ်ဆိုတာကောင်းကောင်းသိနေတယ်

35 Min

ပွဲက နည်းနည်း အေးသွားခဲ့ပြီး လီဗာပူးလ်က တိုက်စစ်ထက် ခံစစ်ကို ပို ဦးစားပေးလာခဲ့တယ်ခင်ဗျာ။ မန်စီးတီးအသင်း တိုက်စစ်မှူး စတာလင်နဲ့ လီဗာပူးလ်ခံစစ်က အာနိုးလ်တို့ ထိပ်တိုက်တွေ့နေကြပါတယ်။ ကွင်းလယ်ဒိုင်က  ခေါ်ပြီး ညှိနှိုင်းပေးနေရတယ်ခင်ဗျာ။

33 Min

လီဗာပူးလ်အသင်းတိုက်စစ်က လက်ရှိအချိန််အထိ အခွင့်အရေး (၂)ကြိမ်ပဲ ရသေးတာ ခင်ဗျာ။ ဒါပေမယ့် အဲဒီ (၂)ကြိမ်ကပဲ သွင်းဂိုး (၂)ဂိုးဖြစ်သွားခဲ့ရတာပါ။

အခုလည်း လီဗာပူးလ်ရဲ့ ထိုးဖောက်မှုကို တားဆီးဖို့ ကြိုးစားရင်း မန်စီးတီးရဲ့ ဝေါ်လ်ကာနဲ့ ဂျွန်စတုံးတို့ စကားများနေခဲ့ကြတယ်ခင်ဗျာ..။